Social Icons

Pages

Sunday, November 6, 2016

ကိုးတန်ကောက် ရဲကင်းစခန်းအား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူနှစ်ဦး ဖမ်းဆီးရမိ


ကိုးတန်ကောက်ရဲကင်းအား အကြမ်းဖက်တိုက်ခိုက်သူ နှစ်ဦးအားတွေ့ရစဉ်


နေပြည်တော် ၊ ၆-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် အာယုပ် (ဘ) ကာလီဟူဆောင်း ၏ ထွက်ဆိုချက် အရ ကိုးတန်ကောက်ရွာ အား ယမန်နေ့မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက် ရှင်းလင်းရာ ကိုးတန်ကောက် ရဲကင်းစခန်းအား အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ နှစ်ဦးဖြစ်သည့် ဆော်လီမူလာ (ဘ) မာမွတ်ရှော်ရီ နှင့် မာမွတ်နော်ဘီ (ဘ) နော်ဟီဟူဆောင်း ကိုးတန်ကောက် ရွာမကျေးရွာ နေသူတို့ နှစ်ဦးအား တွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ နှစ်ဦးအား ကိုးတန်ကောက် ရဲကင်းစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...