Social Icons

Pages

Wednesday, November 9, 2016

မောင်တောဒေသအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများအတွက် လှူဒါန်းသည့် စားသောက်ဖွယ်ရာနှင့် အသုံးအဆောင် ပစ္စည်းများအား စစ်တွေမြို့သို့ ပို့ဆောင်


စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် စားသောက်ဖွယ်ရာနှင့် 
အသုံးအဆောင်ပစ္စည်းများ ပို့ဆောင်ပေးစဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ လုံခြုံရေးတာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူ များအတွက် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ပြည်သူများက လှူဒါန်းသည့် စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင် ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ စစ်တွေမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့သို့ ရောက်ရှိ ခဲ့သည်။

ယမန်နေ့ ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ ငါးသေတ္တာ ၂၂၅၅ ဘူး၊ ကြက်စည်သွတ် ၄ဝဝ ဘူး၊ ငါးပိကြော် ၁၅ဝဝ ဘူး၊ ခေါက်ဆွဲခြောက် ဂျပ်ဖာကြီး လေးပုံး၊ ပစ္စည်းစုံ ဂျပ်ဖာကြီး ၅၉ ပုံးနှင့် ပီနံအိတ်ကြီး လေးအိတ်၊
ကော်ဖီမစ် ဂျပ်ဖာကြီး တစ်ပုံး၊ အချိုရည် ရှစ်ကတ်၊ ဆေးပေါ့လိပ် ပီနံအိတ် တစ်အိတ်၊ စားဆီ ငါးဘူးနှင့် အခြား အသုံးအဆောင် ပစ္စည်းများဖြစ်ပြီး ၄င်းပစ္စည်းများကို သက်ဆိုင်ရာ ဌာနများသို့ ဆက်လက် လွှဲပြောင်းပို့ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...