Social Icons

Pages

Tuesday, October 11, 2016

မင်းကွန်းယဉ်ကျေးမှု ဒေသရှိ ပန်းချီကားများကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ၀ယ်ယူမှုများနေ



စစ်ကိုင်း ၊ ၁၁-၁၀-၂၀၁၆

စစ်ကိုင်းမြို့နယ် မင်းကွန်း ယဉ်ကျေးမှု ဒေသသို့ စက်တင်ဘာ လဆန်းပိုင်းမှ စ၍ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြား လာခြင်းကြောင့် မင်းကွန်း အမှတ်တရ နှင့် အနုပညာ ဈေးတန်း၌ ရောင်းချ နေသည့် ဒေသတွင်း ပန်းချီဆရာများ ရေးဆွဲထားသော ပန်းချီကားများမှာ အရောင်းသွက် နေကြောင်း အဆိုပါ ပန်းချီကားရောင်းချသူများ ထံမှ သိရသည်။

''အခုနှစ်ထဲမှာ ပန်းချီကားတွေက အရောင်းသွက် လာတာပါ။ အများဆုံး ရောင်းရတဲ့ ပန်းချီကားက သံဃာတော် များပုံ ရေးဆွဲထားတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။ ဥရောပ တိုက်သားတွေ အဝယ်များ ပါတယ်'' ဟု ပန်းချီကား ရောင်းချသူ ကိုဝင်းမြင့် က ပြောသည်။

ထို့ပြင် နိုင်ငံခြားခရီးသွား ဧည့်သည်များသည် ရှုခင်းပုံနှင့် တိုင်းရင်းသား လူမျိုးများ၏ ဓလေ့ထုံးစံများအား ရေးဆွဲထားသော ပန်းချီကားများ ကိုလည်း ဝယ်ယူကြပြီး ပန်းချီကားများကို ရေဆေးနှင့် ဆီဆေးများဖြင့် ရေးဆွဲ ထားကြောင်း သိရသည်။

အဆိုပါ ပန်းချီကားများ၏ ရောင်းဈေးမှာ ပန်းချီကား အသေး တစ်ချပ်လျှင် ငွေကျပ် ၁ဝဝဝ နှင့် အကြီး တစ်ချပ်လျှင် ငွေကျပ် ၅ဝဝဝ ရှိကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...