Social Icons

Pages

Friday, October 28, 2016

တိုက်ပွဲများဖြစ်ပွားစဉ် တိမ်းရှောင်ခဲ့သည့် တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်



နေပြည်တော် ၊ ၂၈-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပြင်ငူကျေးရွာ အုပ်စု၊ ပြိုင်စိုကျေးရွာ အနီး၌ ၂ဝ၁၅ ခုနှစ်၊ မတ်လ အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကြွေသောင်ကျေးရွာ အုပ်စု၊ လောင်းတင်ကျေးရွာ သို့ ယာယီ ရွှေ့ပြောင်း နေထိုင်လျက် ရှိသည့် ပြိုင်စိုကျေးရွာ နေ ရွာသူ၊ ရွာသားများ ၄င်းတို့၏ မူလနေရပ်တွင် ပြန်လည် အခြေချနေထိုင် နိုင်ရေးအတွက် တပ်မတော်သား များက မိုင်းများဖော်ထုတ် ရှင်းလင်းခြင်းနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် အောက်တိုဘာ ၁၆ ရက်မှ ၂ဝ ရက်အထိ ပြိုင်စိုကျေးရွာ အတွင်းနှင့် ကျေးရွာဝန်းကျင် တို့၌ မိုင်းရှင်းလင်းခြင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇက်ကူ ဦးဆောင်
သော အိမ်ထောင်စု ၆၅ စုမှ လူဦးရေ ၆၅ ဦး တို့ကို ပြိုင်စိုကျေးရွာသို့ ကူညီရွှေ့ပြောင်း ပေးခြင်း၊ အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက်အထိ လူနေအိမ် နှစ်လုံး၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း သုံးကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်း တို့ကို ပြန်လည် တည်ဆောက်ပေးခြင်း၊ ကျေးရွာအတွင်း လမ်းများနှင့် နေအိမ်ဝန်းကျင်ရှိ ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း တို့ကို တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက ပူးပေါင်းကူညီ ဆောင်ရွက် ပေးသည်။

အဆိုပါ ကြွေသောင်ကျေးရွာ အုပ်စု၊ လောင်းတင်ကျေးရွာ သို့ ယာယီရွှေ့ပြောင်း နေထိုင်ခဲ့သော ပြိုင်စိုကျေးရွာမှ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၃၇၅ ဦးတို့သည် ၂ဝ၁၅ ခုနှစ်၊ ဧပြီ ၂၇ ရက်မှ စတင်၍ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နယ်မြေ အေးချမ်းမှုများ ရရှိလာပြီ ဖြစ်သောကြောင့် မူလနေရပ်သို့ ပြန်လည် ရွှေ့ပြောင်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...