Social Icons

Pages

Wednesday, October 5, 2016

နေပြည်တော်ရေဆင်း တက္ကသိုလ်နယ်မြေ အတွင်း တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဇေယျာသီရိမြို့နယ် ၊ ရေဆင်းတက္ကသိုလ် နယ်မြေအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ကျောင်းသား ၊ ကျောင်းသူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၅-၁၀-၂၀၁၆

နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းတက္ကသိုလ် နယ်မြေ အတွင်းရှိ သစ်တော သုတေသနဌာန နှင့် သစ်တော တက္ကသိုလ်တို့မှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်း မိသားစုဝင် ၃၅၄ ဦးအား ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် သားဖွားမီးယပ် ရောဂါ ၂ဝ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ အရိုးရောဂါ ၁၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၁၅ ဦး၊ မျက်စိရောဂါ ၆၅ ဦး၊ သွားရောဂါ ၆ဝ ဦး၊ ကလေးရောဂါ ၉၂ ဦးနှင့် အထွေထွေ ရောဂါ ၇ဝ ဦးတို့အား လိုအပ်သည့် စစ်ဆေး ကုသမှုများ ဆောင်ရွက် ပေးပြီး သွားရောဂါ ၆ဝ ဦးတို့အား ရွေ့လျား ခွဲစိတ်ကုသ ယာဉ်ဖြင့် စစ်ဆေး ကုသခြင်းများ ဆောင်ရွက် ပေးသည်။

ထို့နောက် ဓာတ်မှန်ရိုက် လူနာ ၁ဝ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်သူ ၂၈ ဦးတို့အား ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ဓာတ်ခွဲယာဉ် တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေး ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် လူနာ ၁၅ ဦးကိုလည်း နေပြည်တော်ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ထို့အပြင် သွေးလွန်တုပ်ကွေး ရောဂါ၊ ဇီကာဗိုင်းရပ်စ် ရောဂါ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...