Social Icons

Pages

Tuesday, October 11, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်သားများအား ရုတ်ခြည်း တိုက်ခိုက်လာသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ပြန်လည်ပစ်ခတ် ရှင်းလင်း


နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်မှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ရုတ်ခြည်း တိုက်ခိုက်လာသော အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များအား ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာ ဝန်းကျင်၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်မှ နယ်မြေ ရှင်းလင်းစဉ် ယမန်နေ့နံနက် ၈ နာရီခန့်တွင် အဆိုပါကျေးရွာ အနီး ကွမ်းခြံအတွင်းမှ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၂ဝ ဦးခန့်က တုတ်၊ ဓားလက်နက် များဖြင့် ရုတ်တရက် တိုက်ခိုက် လာမှုကြောင့် တပ်မတော်မှ ပြန်လည်ပစ်ခတ် ရှင်းလင်းရာ ၄င်းအဖွဲ့များ ထွက်ပြေးသွား ခဲ့ပြီး အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အလောင်း လေးလောင်းနှင့် ၄င်းတို့ကိုင်ဆောင် တိုက်ခိုက်ခဲ့သော လုပ်သေနတ် တစ်လက်၊ ကျည်သုံးတောင့်နှင့် ဓားတစ်လက် တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ ဆုတ်ခွာထွက်ပြေး သွားသော အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များအား တပ်မတော်မှ လိုက်လံရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...