Social Icons

Pages

Monday, October 17, 2016

ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ကောင်တာများ တိုးချဲ့ဖွင့်လှစ်မည်


ကန်ပက်လက်မြို့ ရှိ ဟိုတယ်တစ်ခုကို တွေ့ရစဉ်

ဟားခါး ၊ ၁၇-၁၀-၂၀၁၆

ချင်းပြည်နယ် အတွင်း ခရီးသွားလုပ်ငန်း များ တိုးတက် လာစေရေး အတွက် ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်း အချက်အလက် ကောင်တာများ တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင် ထံမှ သိရသည်။

အဆိုပါဒေသ အတွင်းရှိ ခရီးစဉ်များနှင့် ပတ်သက်၍ နေရာဒေသ အလိုက် တည်းခိုနိုင်မည့် နေရာများနှင့် စားသောက် နိုင်မည့် နေရာများကို သတင်း အချက်အလက် များ ပေးသွားမည်ဖြစ်ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေမည် ဖြစ်သည်။ ထို့ပြင် ခရီးစဉ်အတွင်း ဆောင်သင့်သည့် အချက်များ နှင့် ရှောင်သင့်သည့် အချက်များ ကိုပါ ပြန်ကြား ပေးမည် ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ် ကန်ပက်လက် မြို့၌ သတင်း အချက်အလက် ကောင်တာတစ်ခု စတင် တည်ဆောက်နေပြီး နောက်ပိုင်းတွင် ခိုင်ကမ်းမြို့ ၌လည်း ဆက်လက် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် အတွင်း ခရီးသွားလုပ်ငန်း များ တိုးတက်ရန် အဓိကကျသည့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ ပြည်နယ်ရုံး ရှိရန်လိုအပ်ပြီး ဟားခါးမြို့၌ ဖွင့်လှစ်သွားမည် ဖြစ်သည်။

အဆိုပါ ပြည်နယ်ရုံး ရှိမှသာ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်များ ပေးနိုင်မည် ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ် အတွင်း တည်ဆောက်နိုင်ရန် စီစဉ်ထားသည်။ လာမည့် ခရီးသွားရာသီ အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်မှု အဆင်ပြေ စေရေးအတွက် လတ်တလော သတင်း အချက်အလက် ကောင်တာများကို ကနဦးဖွင့်လှစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...