Social Icons

Pages

Wednesday, October 12, 2016

ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား 
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက 
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၂-၁၀-၂၀၁၆

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပ ပြုလုပ်မည့် Japan International Aerospace Exhibition 2016 (JA 2016) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာ ၁ဝ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ စစ်သံမှူး Colonel Kei Tajika နှင့် တာဝန် ရှိသူများက ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...