Social Icons

Pages

Sunday, October 23, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ကြိုဆိုစဉ်

နေပြည်တော် ၊ ၂၃-၁၀-၂၀၁၆

ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col. Gen. OLEG Leonidovich Salyukov ၏ ဖိတ်ကြားချက် အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အောက်တိုဘာ ၂၁ ရက် ဒေသ စံတော်ချိန် ည ၇ နာရီခွဲတွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့ရှိ Sheremetievo လေဆိပ်မှ ပြန်လည် ထွက်ခွာလာရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ တွင် ပြန်လည်ရောက်ရှိ ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ စစ်သံမှူး Col. Eduard N. Okladnikov ၊ ဒုတိယစစ်သံမှူး Commander Vitaly V.Luchshev နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ခရီးစဉ်အတွင်း ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အတူ လိုက်ပါ သွားသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ ပြန်လည်လိုက်ပါ လာကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...