Social Icons

Pages

Friday, October 21, 2016

နိုင်ငံတကာအဆင့်မီ အာရေဘီကာ ကော်ဖီများကို ပြည်တွင်းဈေးကွက် နှင့် သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၂၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ ကော်ဖီအသင်း နှင့် Winrock International တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ၌ ထုတ်လုပ်သည့် နိုင်ငံတကာ အဆင့်မီ အာရေဘီကာ ကော်ဖီများကို ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံခြားသံရုံး များသို့ မိတ်ဆက် ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့သည့် အာရေဘီကာ ကော်ဖီကို ပြည်တွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီလုပ်ငန်း ရှင်များနှင့် အများပြည်သူ များသိရှိ စိတ်ဝင်စား လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အခြေစိုက် ကော်ဖီ အရည်အသွေး ဆိုင်ရာ အဖွဲ့အစည်း (Coffee Quality Institute -CQI) မှ ကော်ဖီပညာရှင် များလည်း ပါဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ ငွေကြေး အထောက်အပံ့ ဖြင့် Winrock International က ၂ဝ၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများ အတွက် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အကူအညီ ပေးသည့် စီမံကိန်းကို စတင်ခဲ့ပြီး အဆိုပါစီမံကိန်း တွင် မြန်မာ့ကော်ဖီကို အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Winrock International အဖွဲ့အစည်း က အမေရိကန် ပြည်ထောင်စု အခြေစိုက် ကော်ဖီ အရည်အသွေး ဆိုင်ရာ အဖွဲ့အစည်း (CQI) နှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့ ပူးပေါင်း၍ ကော်ဖီ စိုက်ပျိုးသူများကို ကော်ဖီ ထုတ်လုပ်မှု နည်းစနစ်များ လေ့ကျင့် သင်ကြား ပေးခဲ့ပြီး ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ အမေရိကန် ပြည်ထောင်စု အတ္တလန္တာမြို့၌ ကျင်းပသည့် ကော်ဖီပြပွဲ တွင်လည်း မြန်မာ့ ကော်ဖီကို သွားရောက်ပြသ နိုင်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...