Social Icons

Pages

Friday, October 14, 2016

မောင်တောမြိုကနယ် အတွင်းရှိ ဆရာ ၊ ဆရာမများ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံပြည်သူများအား တည်ငြိမ်အေးချမ်းသည့် နေရာများသို့ တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်


တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် အတွင်းရှိ ဆရာ ၊ ဆရာမများ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံပြည်သူများအား တည်ငြိမ်အေးချမ်း သည့် နေရာများသို့ ပို့ဆောင်ပေးစဉ်

နေပြည်တော် ၊ ၁၄-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောမြို့နယ်၊ တောင်ပြိုဝဲကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား ယမန်နေ့တွင် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် တည်ငြိမ်အေးချမ်း သည့်နေရာ များသို့ ပို့ဆောင်ပေးလျက် ရှိသည်။

ထိုသို့ ပို့ဆောင်ရာတွင် တပ်မတော်မှ ရဟတ်ယာဉ် နှစ်စင်းဖြင့် ခြောက်ခေါက်ပို့ဆောင် ပေးခဲ့ရာ သံဃာတော် တစ်ပါး၊ ဆရာ/ဆရာမ ၁၁၄ ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း ၅ဝ ဦးနှင့် ဒေသခံပြည်သူ ၁၆ ဦး၊ စုစုပေါင်း ၁၈၁ ဦးတို့အား ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေး ခဲ့သည်။ ၄င်းတို့အနက် ဆရာ/ဆရာမ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူ ၂၇ ဦးကို ရဟတ်ယာဉ် တစ်စင်းဖြင့် ဘူးသီး တောင်မြို့မှ စစ်တွေမြို့သို့ ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစမ်းကို ကာကွယ် စောင့်ရှောက်ခြင်း တို့အား အလေးထား လုပ်ဆောင်လျက် ရှိရာ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံပြည်သူ လူထု၏ လိုအပ်ချက် များကိုလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...