Social Icons

Pages

Thursday, October 27, 2016

မြန်မာနိုင်ငံအတွင်း ပထမဆုံးဖွင့်လှစ်မည့် ATR လေယာဉ်ပြုပြင်စက်ရုံ ကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၇-၁၀-၂၀၁၆

မြန်မာနိုင်ငံအတွင်း ပထမဆုံး ဖွင့်လှစ်ရန် ဆောင်ရွက်နေသည့် ATR လေယာဉ် ပြုပြင်စက်ရုံ ကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်မည် ဖြစ်ပြီး ယင်းလက်မှတ် ရရှိပါက ပြည်တွင်း လေယာဉ်များ သာမက ပြည်ပ လေယာဉ်များ ကိုပါ ပြည်တွင်း၌ လက်ခံပြုပြင် ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါလေယာဉ် ပြုပြင်ရေးစက်ရုံ ဖွင့်လှစ်ခြင်းမှာ ပြည်တွင်းရှိ လေယာဉ်များကို ပြည်ပနိုင်ငံများ၌ သွားရောက် ပြုပြင်ပါက ကုန်ကျစရိတ် များပြားသည့် အတွက် ပြည်တွင်း၌ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်း စက်ရုံကို လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ၌ တည်ဆောက် ထားပြီး ATR လေယာဉ်များကို ပြင်သစ်နိုင်ငံ မှ ထုတ်လုပ်မှု များသည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့အစည်း ဖြစ်သည့် Europan Aviation Safety Agency (EASA) က နိုဝင်ဘာလ အတွင်း လာရောက် စစ်ဆေးမည် ဖြစ်သည်။ စစ်ဆေးမှု အောင်မြင်ပါက နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရရှိမည်ဖြစ်ကာ  ပြည်တွင်းပြည်ပလေယာဉ်များကို လက်ခံ ပြုပြင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

''ဥရောပသမဂ္ဂ အဖွဲ့အစည်း က နိုဝင်ဘာလမှာ လာစစ်ဆေး မယ်လို့ ပြောတယ်။ သူတို့ လာစစ်ဆေးပြီးရင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရဖို့လိုတယ်။ ဒါမှလည်း  လေယာဉ်တွေကို ပြုပြင်ပေး နိုင်မယ်။ ဒီက
လေယာဉ်တွေက ပြင်သစ်နိုင်ငံက ထုတ်တာများတော့ ဥရောပသမဂ္ဂ အဖွဲ့အစည်းက လာစစ်ဆေး တာလည်း ဖြစ်ပါတယ်။ ဒီ လက်မှတ်ရဖို့ ကို အရေးကြီး ပါတယ်။ စစ်ဆေးချက် အောင်မြင်ဖို့ အများကြီး ကြိုးစား ဆောင်ရွက်ထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ ပြည်တွင်း၌ အသုံးပြုနေသည့် ATR လေယာဉ် အစင်းရေ ၃ဝ ရှိပြီး ယခု ဖွင့်လှစ်မည့် လေယာဉ်ပြုပြင် စက်ရုံ၌ လေယာဉ် သုံးစင်းကို လက်ခံပြုပြင် ပေးနိုင် သော်လည်း တစ်စင်းချင်းစီသာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယင်းအတွက် ရက် ၁၀၀ စီမံချက် အတွင်းက အဆိုပါ လေယာဉ်ပြုပြင် စက်ရုံ၌ မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ ATR လေယာဉ်တချို့ကို ပြည်တွင်းပြည်ပ ပညာရှင်များ ပူးပေါင်းကာ စမ်းသပ် ပြုပြင်ခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...