Social Icons

Pages

Thursday, October 27, 2016

အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် နစ်မြုပ်မှုတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ များအား ဂုဏ်ပြုချီးမြှင့်


အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် နစ်မြုပ်မှုတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးကို ဂုဏ်ပြုချီးမြှင့်စဉ်

မုံရွာ ၊ ၂၇-၁၀-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နှင့် မင်းကင်းမြို့နယ် ကြား၊ မိကျောင်းတွင်းရွာ အနီး ချင်းတွင်းမြစ် အတွင်း၌ အောက်တိုဘာ ၁၅ ရက်က နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် နစ်မြုပ်မှုတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသခံ ရေငုပ် ကျွမ်းကျင်သူ များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ဂုဏ်ပြုချီးမြှင့် ခြင်းကို ယမန်နေ့တွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်  သက်ပုံ နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြု အမှာစကား ပြောကြားပြီး အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် နစ်မြုပ်မှုတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော တပ်မတော်သား နှစ်ဦး၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင် လေးဦးနှင့် ဒေသခံ ကျွမ်းကျင် ရေငုပ်သမား လေးဦးတို့ကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ဂုဏ်ပြုချီးမြှင့် ခံရသူများ ကိုယ်စား တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...