Social Icons

Pages

Thursday, September 29, 2016

TNLA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်လေးဦး ဥပဒေဘောင်အတွင်း ၀င်ရောက်


လှသာ(ခ)အိုက်ကြက်
ညီမင်းထွန်း(ခ)ညီချား
လှအောင်
ကျော်ကျော်(ခ)အယိုင်


နေပြည်တော် ၊ ၂၉-၉-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာ အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ထံသို့ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီတွင် TNLA လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၆၆၆)မှ တပ်သားအဆင့် ရှိ လှသာ(ခ) အိုက်ကြက် ၄၆ နှစ်နှင့် ညီမင်းထွန်း (ခ) ညီချား ၁၇ နှစ် တို့သည် လည်းကောင်း၊ စက်တင်ဘာ ၂၇ ရက် နံနက် ၇ နာရီတွင် တပ်သားအဆင့် ရှိ လှအောင် ၃၆ နှစ်နှင့် ကျော်ကျော်(ခ) အယိုင် ၃၇ နှစ်တို့ သည် လည်းကောင်း လက်နက်မဲ့ ဥပဒေဘောင် အတွင်း ဝင်ရောက် ခဲ့သည်။

ဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့သော TNLA လက်နက်ကိုင် အဖွဲ့မှ အဖွဲ့ဝင် လေးဦးသည် ယခုနှစ် ဇူလိုင် ၂၅ ရက် ညပိုင်းတွင် TNLA လက်နက်ကိုင် အဖွဲ့မှ ပိန်းပြစ်ရွာ အတွင်း ဝင်ရောက်လာပြီး တပ်သားသစ်များ အဖြစ် ၄င်းတို့ အပါအဝင် ရွာသား ၂၅ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကာ စစ်ရေးပြနှင့် လက်နက်ငယ်သင်တန်း၊ ပလောင်စာပေ တို့အား သင်ကြားခဲ့ ရပြီး တပ်ရင်း (၆၆၆) တွင် တာဝန်ထမ်းဆောင် ခဲ့ရကြောင်း၊ ယင်းစခန်းမှ တပ်မတော် စစ်ကြောင်းများ ထံသို့ လာရောက်၍ ဥပဒေဘောင် အတွင်းသို့ အသီးသီး ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...