Social Icons

Pages

Friday, July 22, 2016

လျှပ်စစ်စွမ်းအင်သုံး ကားများအတွက် စွမ်းအင် ဖြည့်တင်းရေးကို သက်ဆိုင်ရာ ကုမ္ပဏီများမှ အာမခံရန်တောင်းဆို



နယူးယောက် ၊ ၂၂-၇-၂၀၁၆

အိုဘားမားသမ္မတ ၏ အိမ်ဖြူတော်မှ ထုတ်ပြန်ချက် အရ ရုပ်ကြွင်းလောင်စာသုံး မော်တော်ကားများ အစား လျှပ်စစ် စွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်ရန် အတွက် လျှပ်စစ်စွမ်းအင် ဖြည့်တင်းရေး အတွက် Station များအနေဖြင့် Customer များအတွက် ထိရောက်သော အာမခံချက်များ ပေးသွားရန် ဇူလိုင် ၂၁ ရက်က တောင်းဆိုသွား ခဲ့သည်။

ထို့အပြင် မော်တော်ကားများ တွင်လည်း လျှပ်စစ်စွမ်းအင် ဖြည့်တင်းရေး အတွက် Hardware နှင့် Software များ တပ်ဆင်သွားမည် ဖြစ်ပြီး၊ အဆိုပါ အတွင်းအပြင် ပစ္စည်း ကိရိယာများ အနေဖြင့်လည်း လုံလောက်သော ခံနိုင်ရည်ရှိရန်၊ အာမခံချက် အပြည့်အ၀ ပေးသွားရန် ထပ်လောင်း တောင်းဆိုသွား ခဲ့သည်။ 

လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်သွားမည့် ကုမ္မဏီများ အနေဖြင့် လျှပ်စစ်စွမ်းအင် ပြန်လည် ဖြည့်တင်းရေး အထောက်အကူပြု Hardware နှင့် Software များအတွက် ကုမ္မဏီများ အနေဖြင့် အမေရိကန် ဒေါ်လာ ၄ ဒဿမ ၅ ဘီလျံအထိ အသုံးပြုကာ အားနည်းချက် နည်းသော ပစ္စည်းများ အသွင်ဖြင့် ထုတ်လုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ 

အမေရိကန်နိုင်ငံ အတွက် လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ တင်သွင်းရန် အတွက် မော်တော်ကား ကုမ္မဏီပေါင်း ၅၀ ကျော်ခန့်က တာဝန်ယူ သွားမည် ဖြစ်ပြီး၊ မော်တော်ကား လောကတွင် နာမည်ရှိသည့် ကုမ္မဏီများသာ ဖြစ်ကြောင်း သိရသည်။ အကြမ်းဖျင်း ထုတ်ပြန်ချက်များ အရ အမေရိကန်နိုင်ငံသို့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ် တင်သွင်းသွားမည့် ကုမ္မဏီကြီးများမှာ Tesla Motors Inc, General Motors Co, Ford Motor Co, Nissan Motor Co, BMW AG, Daimler AG, Duke Energy Corp နှင့် Consolidated Edison Inc အစရှိသည့် ကမ္ဘာကျော် ကုမ္မဏီကြီး များလည်း ပါဝင်နေကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ တွင်  ၂၀၀၈ ခုနှစ်မှ စတင်၍ လျှပ်စစ်စွမ်းအင် ဖြည့်တင်းရေး အတွက် Station ပေါင်း ၅၀၀ ကျော်ဖွင့်လှစ် နိုင်ခဲ့ပြီး ဖြစ်သလို၊ ယနေ့အထိ လျှပ်စစ်စွမ်းအင် ပြန်လည် ဖြည့်တင်းရေး Station ပေါင်း ၁၆၀၀၀ အထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...