Social Icons

Pages

Friday, July 22, 2016

အလုပ်သမားဥပဒေ မလိုက်နာသည့် စက်ရုံအလုပ်ရုံပေါင်း ၄၀ ခန့် တရားစွဲဆိုခြင်း ခံထားရ



ရန်ကုန် ၊ ၂၂-၇-၂၀၁၆

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ဒုတိယပတ် အထိ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံပေါင်း ၄ဝ ခန့်သည် အလုပ်သမား ဥပဒေ မလိုက်နာသည့် အတွက် တရားစွဲဆိုခြင်း ခံထားရကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေရေးရာ စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အလုပ်ရှင် များကို တရားစွဲဆို ရာတွင် အချိန်ပို ခိုင်းစေခြင်း၊ အများပြည်သူ အလုပ်ပိတ်ရက် များတွင် အလုပ် ခိုင်းစေခြင်း၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ တွင် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ကို လေးစား လိုက်နာမှု မရှိခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်လုပ်ကိုင် နေခြင်းများကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ အသိပေး အကြောင်းကြားမှု မရှိခြင်း စသည့် အကြောင်း အရာများ ပါဝင်ကြောင်း သိရသည်။ 

ယခု နောက်ပိုင်းနှစ် များအတွင်း အလုပ်သမား နှင့် အလုပ်ရှင်များ အကြား အငြင်းပွားမှုများ မြင့်တက် လာကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း အလုပ်သမား များအား အကာအကွယ် ပေးနိုင်မည့် ဥပဒေများကို
၂ဝ၁ဝ ပြည့်နှစ် မတိုင်မီကပင် ဥပဒေ ၂၆ ခု ပြဋ္ဌာန်းခဲ့သည့် နည်းတူ ပြီးခဲ့သည့် လွှတ်တော် သက်တမ်း အတွင်းတွင် လည်း ဥပဒေသစ် ခုနစ်ခုကို ထပ်မံပြဋ္ဌာန်း ခဲ့သည်။ 

အလုပ်ရှင် နှင့် အလုပ်သမား အငြင်းပွားမှု များတွင် ထောင်ဒဏ် ချမှတ်ခြင်း မရှိဘဲ ငွေဒဏ် အနေဖြင့် ငွေကျပ် ၁ဝ သိန်း သတ်မှတ် ထားခြင်းကြောင့် လုပ်ငန်းရှင်များ လိုက်နာမှု အားနည်း နေခြင်းလည်း ဖြစ်သည်။ အလုပ်သမား ဥပဒေများကို လိုက်နာမှု မရှိသည့်အတွက် တရားစွဲဆို ခံထားရမှုများ အနက် တရုတ် နိုင်ငံသားပိုင် စက်ရုံ၊ အလုပ်ရုံများ အပြင် တောင်ကိုရီးယား နိုင်ငံပိုင် စက်ရုံတို့လည်း ပါဝင်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် လုပ်ခလစာများ ပေးချေနိုင်ခြင်း မရှိသောကြောင့် စက်ရုံ ပိတ်သိမ်းမှု များလည်း ရှိနေသည့် အတွက် ယင်း စက်ရုံအား လေလံ စနစ်ဖြင့် ပြန်လည် ရောင်းချကာ အလုပ်သမား များအတွက် ပေးအပ်ရန် ကျန်ရှိသော လုပ်ခလစာ များကို ပေးအပ်နေသည် များလည်း ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...