Social Icons

Pages

Wednesday, June 15, 2016

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြင်သစ်နိုင်ငံသို့ ရောက်ရှိ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်သစ်နိုင်ငံ Charles de Gaulle လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၁၅-၆-၂၀၁၆

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြင်သစ် တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Jean-Pierre Bosser ၏ ဖိတ်ကြားချက် အရ ပြင်သစ်နိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် အပြည်ပြည် ဆိုင်ရာ ကာကွယ်ရေး၊ မြေပြင်နှင့် ဝေဟင်လုံခြုံရေး ဆိုင်ရာပြပွဲ Eurosatory 2016 " သို့ တက်ရောက်ရန် အတွက် ဇွန် ၁၂ ရက် ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာ ပြင်သစ်နိုင်ငံ Charles de Gaulle လေဆိပ်သို့ ဇွန် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိ ခဲ့ကြသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြင်သစ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟန်သူ ၊ စစ်သံမှူး ဗိုလ်မှူးချုပ် တင်မောင်ဆွေ နှင့် တာဝန်ရှိ သူများ ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် စစ်သံမှူး Lt. Col. Thierry POIGNANT တို့က ကြိုဆို နှုတ်ဆက်ခဲ့ ကြပြီး လေဆိပ်မှ ဆက်လက် ထွက်ခွာရာ ခေတ္တ အခြေပြု တည်းခိုမည့် Hilton Paris Opera Hotel သို့ ရောက်ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...