Social Icons

Pages

Wednesday, June 15, 2016

တပ်မတော်ရဟတ်ယာဉ်တစ်စင်း ရာသီဥတု ဆိုးရွားမှုကြောင့် ဒိုက်ဦးမြို့နယ် အတွင်းပျက်ကျ


ပျက်ကျသွားသည့် ရဟတ်ယာဉ်၏ အစိတ်အပိုင်းများကို တွေ့ရစဉ်

ရဟတ်ယာဉ် ပျက်ကျသည့်နေရာကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၅-၆-၂၀၁၆

အမ်အိုင်-၂ အမျိုးအစား တပ်မတော် ရဟတ်ယာဉ် တစ်စင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်း ထွက်ခွာလာရာ ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ် အတွင်း ရောက်ရှိ ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်(၇၂) အနောက်ဘက်ခြမ်း ရှိ ဂုံညှင်းချောင်း အနီး လျှိုအတွင်းသို့ ပျက်ကျ ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ် သည် မိတ္ထီလာမြို့ လေတပ်စခန်း ဌာနချုပ်၌ အကြီးစား ပြင်ဆင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်း ဌာနချုပ်သို့ ပို့ဆောင်ရန် ယမန်နေ့နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် မိတ္ထီလာမြို့မှ စတင် ထွက်ခွာလာခြင်း ဖြစ်ကြောင်း၊ ၄င်းမှတစ်ဆင့် နံနက် ၁ဝ နာရီခွဲခန့်တွင် တောင်ငူ လေတပ်စခန်း ဌာနချုပ်၌ ဆီဖြည့်ရပ်နား ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက် ထွက်ခွာ ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင်ပျက်စီး ခဲ့ကြောင်း ကနဦး သတင်းအရ သိရှိရသည်။

ရဟတ်ယာဉ် ပျက်ကျရာ နေရာသို့ တပ်မတော်မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါလာသော ရဟတ်ယာဉ်မှူး ဗိုလ်မှူုး ရန်နိုင်ထူး ၊ တွဲဖက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင် နှင့် ရဟတ်ယာဉ် အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင် တို့ သုံးဦးသည် ၄င်းနေရာ၌ သေဆုံးသွား ခဲ့ကြောင်း နှင့် ရဟတ်ယာဉ် ပျက်ကျမှု အခြေအနေ အား တာဝန်ရှိ သူများက စုံစမ်း ဖော်ထုတ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...