Social Icons

Pages

Tuesday, June 7, 2016

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရေး ဆွေးနွေး


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ကို တွေ့ဆုံ ဆွေးနွေးစဉ်

နေပြည်တော် ၊ ၇-၆-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. Mr. Gen. NAKATANI ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့ နံနက် ၁ဝ နာရီ တွင်လည်းကောင်း၊ ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့ ညနေ ၃ နာရီတွင် လည်းကောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံခဲ့သည်။

ဂျပန် ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံရာတွင် တောင်တရုတ် ပင်လယ်နှင့် ဂျပန်နိုင်ငံ၏ ပင်လယ်ရေကြောင်း ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ဆိုင်ရာ ကိစ္စရပ် များတွင် ဆောင်ရွက်နေမှု အခြေအနေ များကို အမြင်ချင်းဖလှယ် ဆွေးနွေးပြီး နှစ်နိုင်ငံ တပ်မတော်ကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ တိုးတက် ကောင်းမွန်ရေး တို့ကို ဆွေးနွေးခဲ့ ကြသည်။

ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်  ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အကြား တပ်မတော် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု တိုးတက် ကောင်းမွန်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာ လာစေရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် စန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။ (၅၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...