Social Icons

Pages

Wednesday, June 15, 2016

စိုထိုင်းဆများသည့် ရာသီဖြစ်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် အစာမှိုတက်ခြင်း ပြဿနာ သတိပြုရန် လိုအပ်



ရန်ကုန် ၊ ၁၅-၆-၂၀၁၆

မိုးရာသီ ဖြစ်ခြင်းကြောင့် စိုထိုင်းဆများပြီး တိရစ္ဆာန်များ အစာကျွေးရာတွင် အစာ မှိုတက်ခြင်းများ ရှိတတ်ရာ ဗက်တီးရီးယား များပေါက်ပွား နိုင်ခြင်းကြောင့် မိမိမွေးမြူ ထားသည့် တိရ စ္ဆာန်နှင့် ခြံတွင်းဇီဝ လုံခြုံရေး တို့ကို သတိပြု ကာကွယ်ရန် လိုအပ်ကြောင်း သိရသည်။

''အခု ရာသီဥတု အခြေအနေက မိုးရာသီ ဆိုတော့ အစိုပြန်မှု များပါတယ်။ မွေးမြူရေး လုပ်ငန်းရှင် တွေနဲ့ တိရ စ္ဆာန်အစာ ထုတ်လုပ်သူတွေ နှစ်စဉ်စိုးရိမ် နေရတဲ့ တိရ စ္ဆာန် အစာတွေထဲမှာ ပေါက်ပွားနိုင်တဲ့ မှိုဆိပ်အန္တရာယ် ကို အထူးဂရုပြု ရမယ့်အချိန် ဖြစ်ပါတယ်။ အစားအစာထဲမှာ မှိုအဆိပ် ပါဝင်ပါက မွေးမြူတဲ့ သတ္တဝါတွေ မစားမိအောင် မှိုအဆိပ်ကို စုပ်ယူနိုင်တဲ့ ဆေးတွေကို အသုံးပြုစီမံ ထားဖို့လိုအပ် ပါတယ်'' ဟု မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် ပတ်သက်၍ သုတေသန ပြုလုပ်သူ  များက ပြောသည်။

မှိုဆိပ်ကို စားသုံးမိသော တိရ စ္ဆာန်များ အနေဖြင့် ဝမ်းရောဂါ အပါအဝင် အစာအဆိပ် သင့်မှုကြောင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ပြီး အရည်ပါဝင်သည့် အစာနှင့် ရောနှော ကျွေးရသော အစာတွင် မှိုတက်နိုင်ခြေ ပိုများ နေသော်လည်း အစာခြောက် သည်လည်း လေထဲတွင် ပါဝင်သော စိုထိုင်းဆရှိသည့် ရေငွေ့များကြောင့် လေလုံအောင် သိမ်းဆည်းနိုင်ခြင်း မရှိပါက အစာမှိုတက်ခြင်း ပြဿနာနှင့် တွေ့ကြုံ နိုင်ကြောင်း မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းရှိ မွေးမြူရေး ကဏ္ဍအတွက် အစာကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း နေရသဖြင့် တိရ စ္ဆာန်အစာ ဈေးနှုန်းမြင့်တက် နေသည်။ ထို့ကြောင့် အစာမှိုတက် နေသော်လည်း စွန့်ပစ်ရန် နှမြောခြင်းကြောင့် မှိုတက်အစာ များကို ကျွေးမြဲတိုင်း ဆက်လက် ကျွေးမည်ဆိုပါက တိရစ္ဆာန်များတွင် ရောဂါ ကျရောက်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်ပွားနိုင်သည့် အပြင် ဇီဝလုံခြုံရေး ကိုပါ ထိခိုက် စေနိုင်သည့် အတွက် ကြိုတင်ကာကွယ် ထားရှိရန် လိုအပ်ကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...