Social Icons

Pages

Wednesday, June 15, 2016

သီးနှံငါးမျိုးကို မြန်မာ့မျိုးရင်း ဖြစ်ကြောင်း ကမ္ဘာ့အသိအမှတ်ပြု မှတ်ပုံတင်ရန် လျှောက်ထား



ရန်ကုန် ၊ ၁၅-၆-၂၀၁၆

စိုက်ပျိုးရေးကဏ္ဍ ကို အဓိကထားသော မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းမှ ထွက်ရှိသော သစ်သီးဝလံများ ထဲတွင် မြန်မာနိုင်ငံ၏ အဓိက မျိုးစိတ်မျိုးရင်း ဖြစ်ကြောင်း ကမ္ဘာ့ အသိအမှတ်ပြု မှတ်ပုံတင် ထားရှိ ဆောင်ရွက်ရန် ကနဦးအနေဖြင့် သီးနှံငါးမျိုးကို မှတ်ပုံတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများ အသင်းမှ သိရသည်။

အဆိုပါ သီးနှံငါးမျိုးမှာ စိန်တစ်လုံး သရက်၊ ရွှေဘိုစပါး၊ သနပ်ခါး၊ လက်ဖက်နှင့် ရွာငံကော်ဖီစေ့ တို့ဖြစ်ပြီး မြန်မာ့ရိုးရာ ထုတ်ကုန်များ အဖြစ် အဓိက ဖော်ဆောင်နိုင်မည့် အမှတ်သင်္ကေတ အဖြစ်လည်း သတ်မှတ်နိုင် စေရန် ရည်ရွယ်ကြောင်း သိရသည်။

''စိန်တစ်လုံး သရက်ကို မှတ်ပုံမတင် ထားဘူးဆိုရင် အိမ်နီးချင်း နိုင်ငံတွေက မျိုးတူ ကူးသွားလိမ့်မယ်။ ဒါကြောင့် မှတ်ပုံတင်ထား ရမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ သယံဇာတတွေ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို IP လုပ်ဖို့လိုပါပြီ။ အမြန်လုပ်မှ ဖြစ်မယ်။ မဟုတ်ရင် မိတ္တူကူး ခံရလိမ့်မယ်'' ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...