Social Icons

Pages

Wednesday, June 22, 2016

ဘီပီအိုင်ထုတ် ဆေးဝါးများ အတုပြုလုပ်၍ ရောင်းချနေသူများအား စက်မှုဝန်ကြီးဌာန မှ ဖော်ထုတ် အရေးယူမည်



ရန်ကုန် ၊ ၂၂-၆-၂၀၁၆

ရန်ကုန်မြို့ရှိ အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့် ဆေးဝါးများကို ပြည်ပ မှ ကုန်ကြမ်းများ တင်သွင်းကာ ဆေးဝါးအတုများ ထုတ်လုပ်သူများ ရှိနေရာ ဇွန်လ နောက်ဆုံး ပတ်မှ စ၍ စက်မှုဝန်ကြီးဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဖော်ထုတ် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

''ဘီပီအိုင် ဆေးတွေကို တုပြီး ထုတ်ထားတဲ့ ဆေးအတုတွေကို မသမာသူ တွေက ကျေးလက်ဒေသ တွေကို အဓိက ဈေးကွက် အနေနဲ့ ပစ်မှတ်ထားပြီး ဖြန့်ဖြူးရောင်းချ ကြတယ်။ အဲဒီမှာပဲ ဆေးအတု တွေကို တွေ့ရတာ များတယ်။ ဒါကြောင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်ပေါ်အောင် ဆေးဝါးအတု ရောင်းချ နေသူတွေကို ဖော်ထုတ် အရေးယူ သွားမှာပါ'' ဟု စက်မှုဝန်ကြီး ဌာန လက်ထောက် အတွင်းဝန် ဦးမျိုးဇာနည်ဝင်း က ပြောကြားသည်။

ထို့ပြင် ပြည်တွင်းရှိ တချို့ဆေးဆိုင် များ၌ ဆေးအတု များကို ဆေးအစစ် များနှင့် ရော၍ ဖြန့်ဖြူးနေသော ဆိုင်များကို စစ်ဆေး ဖော်ထုတ်ကာ စီမံချက်များဖြင့် ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ကြောင်း
သိရသည်။

ဆေးဝါးအတု ထုတ်လုပ်သူ အများစုသည် ဘီပီအိုင်မှ ထုတ်လုပ်သည့် ပါရာစီတမော ဆေးကို အတုပြုလုပ်၍ အများဆုံး ထုတ်လုပ် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...