Social Icons

Pages

Wednesday, June 1, 2016

အွန်လိုင်းတွင် တရားမ၀င် ရောင်းချနေသည့် ဆေးဝါးနှင့် အလှကုန်များကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်



ရန်ကုန် ၊ ၁-၆-၂၀၁၆

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် ဆေးဝါးများ၊ အလှကုန်များကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောသည်။

လက်ရှိတွင် FDA က မှတ်ပုံတင်ထားခြင်း မရှိဘဲ တရားမဝင် ရောင်းချနေသည့် ဆေးဝါးများနှင့် ပတ်သက်၍ ဖော်ထုတ်ပေး နိုင်သည့် အဆင့်သာ ရှိသေးပြီး အမျိုးသား ဆေးဝါးဥပဒေအရ အရေးယူပေးရန် တရားရုံးများ၌ လျှောက်ထားရသည်။

ထို့ပြင် အလှကုန်၊ ဆေးဝါးနှင့် အစားအသောက် များအား ပြန်ကြားရေး ဝန်ကြီးဌာန မှ တရားဝင် ကြော်ငြာမည်ဆိုလျှင် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်ရမှာသာ ကြော်ငြာရန် ခွင့်ပြုသင့်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီ အနေဖြင့်လည်း ကြော်ငြာ Billboard ထောင်ခြင်းကို သက်ဆိုင်ရာဌာန ၏ ခွင့်ပြုချက် ရမှသာ ခွင့်ပြုသင့်သည်။

လက်ရှိတွင် အွန်လိုင်းပေါ်၌ မျက်နှာလိမ်းဆေး၊ အသားဖြူဆေး၊ အဆီကျပိန်ဆေး၊ အမျိုးသား အားတိုးဆေး၊ အမျိုးသမီး များအတွက် ရင်သား၊ တင်သားပြည့်ဆေး စသည့် ပုံစံအမျိုးမျိုးဖြင့် လူကြိုက်များအောင် ကြော်ငြာ လာကြသည်ကို တွေ့ရပြီး ကျင့်ဝတ်နှင့် မညီသည့် ကြော်ငြာများကို အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...