Social Icons

Pages

Thursday, April 28, 2016

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် စကု တို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၈-၄-၂၀၁၆

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့သည် ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄) ရေတပ် ဗောတံတားမှ ထွက်ခွာသည်။

အဆိုပါ ဆေးရုံရေယာဉ် ဖြင့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ လိုက်ပါသွား ကြပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား အထွေထွေ ရောဂါများ ကုသပေးခြင်း၊ ခွဲစိတ်ကုသ ပေးခြင်း၊ ကလေးမီးဖွား ပေးခြင်း၊ မီးယပ်ဆိုင်ရာ ကုသမှု လုပ်ငန်းများ၊ ကလေးရောဂါများ ကုသပေးခြင်း၊ အရိုးရောဂါ ကုသမှုလုပ်ငန်း၊ မျက်စိ ခွဲစိတ်ကုသမှု လုပ်ငန်း၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် သွားရောဂါများ ကုသပေးခြင်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည့်အပြင် X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ဓာတ်ခွဲဆိုင်ရာ ရောဂါရှာဖွေ စစ်ဆေးခြင်း ဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်ပေး နိုင်၍ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာ ပါကလူနာ ၃ဝ ဦးထိ တင်ဆောင် ကုသနိုင်ပြီး ရေယာဉ်ပေါ်တွင် ခွဲစိတ်ခန်း၊ မီးယပ်သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်း နှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...