Social Icons

Pages

Wednesday, March 16, 2016

စွန့်ပစ်ပစ္စည်းများကို လောင်စာအဖြစ် အသုံးပြု၍ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်သည့်စနစ်ကို တည်ဆောက်ရန် တရုတ်ပြင်ဆင်



ပေကျင်း ၊ ၁၆-၃-၂၀၁၆

တရုတ်ပြည်နယ် တောင်ပိုင်း ဂွမ်ဒုံပြည်နယ် ရှန်ဇန်မြို့တော် ၌ စွန့်ပစ်ပစ္စည်း များနှင့် အမှိုက်သရိုက် များကို အသုံးပြ၍ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု စနစ်ကို တည်ဆောက် သွားရန် ပြင်ဆင် နေကြောင်း တရုတ်အစိုးရ အဖွဲ့က မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေငြာ သွားခဲ့သည်။

တရုတ်အစိုးရအဖွဲ့ ရုပ်ကြွင်း လောင်စာများ အသုံးပြုသည့် လျှပ်စစ် ဓာတ်အားပေး စနစ်များကို ဖြတ်တောက်နိုင်ရန် အတွက် အမှိုက်သရိုက် များကို လောင်စာအဖြစ် အသုံးပြုသည့် စနစ်ကို ပြုလုပ်သွားရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ 

ထို့အပြင် အမှိုက်သရိုက် များအား စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းအားဖြင့် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသလို၊ မြစ်ချောင်း အင်းအိုင်များ အတွင်းသို့ ရောက်ရှိသွားပါက ရေထု ညစ်ညမ်းများ ဖြစ်ပေါ် စေသောကြောင့် အမှိုက်သရိုက် များကိုပါ သိမ်းဆည်းပြီး ဖြစ်အောင် ရည်ရွယ်ကြောင်း သိရသည်။ 

ရှန်ဇန်မြို့တော်တွင် အမှိုက်သရိုက် များကို လောင်စာအဖြင့် အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံ သုံးရုံအထိ တည်ဆောက် သွားမည် ဖြစ်ပြီး၊ အဆိုပါ စက်ရုံ သုံးရုံထဲမှ တစ်လုံးမှာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအဖြစ် မှတ်တမ်းဝင်ရန် ရည်ရွယ်၍ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ 

ရှန်ဇန်မြို့ပြ အုပ်ချုပ်ရေးအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ၀မ်ဂွေဘင်က “ဒီပရောဂျက် ကို စတင်နိုင်ဖို့ အတွက် EU ရဲ့ ခွင့်ပြုချက်ကို ကျွန်တော်တို့ ရယူထားပြီး ပါပြီ၊ ပြီးတော့ သူတို့ရဲ့ သတ်မှတ်စံနှုန်း အတိုင်း တည်ဆောက်သွား မှာပါ၊ ၂၀၁၈ ခုနှစ်အပြီး ၂၀၁၉ နှစ်စမှာ စတင်လည်ပတ်နိုင်အောင် သုံးနှစ်စီမံကိန်း နဲ့ စတင်သွားမှာပါ” ဟု ပြောကြား သွားခဲ့သည်။

ရတနာပုံနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...