Social Icons

Pages

Wednesday, February 10, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်


နေပြည်တော် ၊ ၁၀-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင် ၅ဝဝ)၊ ဆင်ဖြူရှင်ခန်းမ ၌ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သုတေသန စာတမ်း ၄၆ စောင်၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ ၄၄ ခု၊ Symposium ၁၃ ခု၊ Clinicopathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talks လေးခု၊ Building Shared Vision Military Medicine တစ်ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ပြည်ပမှ သုတေသီများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သုတေသီများနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ/ဆေးမှူး၊ သူနာပြု အရာရှိများ က ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည် ဖြစ်ပါသည်။

ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လိုပါက တပ်မတော် ဆေးတက္ကသိုလ်၊ စာပေဌာန ဖုန်း ဝ၃၁-၃၅ဝ၆၂ ၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင် ၁ဝဝဝ) ဖုန်း ဝ၃၁- ၃၅၂၄၇ ၊ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁ဝဝဝ) ဖုန်း ဝ၃၆- ၅၁ဝဝဝ ၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင် ၅ဝဝ) ဖုန်း ဝ၃၁- ၃၁၂၇၇ နှင့် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင် ၅ဝဝ) ဖုန်း ဝ၃၁- ၃၅၂၇ဝ တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်ထိ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ကြောင်း အသိပေးအပ် ပါသည်။

နှီးနှောဖလှယ်ပွဲသို့ ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စိတ်ပါဝင်စား သူများလည်း တက်ရောက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...