Social Icons

Pages

Tuesday, February 2, 2016

ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားသည့် ရှမ်းစက္ကူနှင့်ထီးများ ခရီးသွားရသီအစမှ စတင်၍ ရောင်းအားကောင်းနေ



ဟဲဟိုး ၊ ၂-၂-၂၀၁၆

ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်အဝင်စားဆုံး ဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမှ တိုင်းရင်းသား မိရိုးဖလာ လက်မှုလုပ်ငန်း ဖြစ်သည့် သဘာဝ ရှမ်းစက္ကူနှင့် ထီး(ပုံ) များကို ခရီးသွားရာသီ အစမှ စတင်၍ ရောင်းအား ကောင်းနေကြောင်း ဟဲဟိုးမြို့ အရှေ့ပိုင်း ရပ်ကွက် ပြည်ထောင်စု လမ်းမကြီး အနောက်ဘက် ရွှေပန်းခိုင် ရိုးရာအိမ်တွင်းမှု လုပ်ငန်းဖြစ်သည့် ရှမ်းစက္ကူနှင့် ထီးလုပ်ငန်းရှင် ထံမှ သိရသည်။

''ကျွန်မတို့ရဲ့ ရိုးရာ ရှမ်းစက္ကူနဲ့ ထီးလုပ်ငန်းကို စိတ်ဝင်တစားနဲ့ လာရောက် ကြည့်ရှုပြီး ဝယ်ယူ အားပေးတဲ့ ကမ္ဘာလှည့် ခရီးသွား အရေအတွက်က မနှစ်ကနဲ့ စာရင် နှစ်ဆလောက် ပိုများပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ တစ်ရက်ကို ကားလေးစီး လောက်နဲ့ ခန့်မှန်းဧည့်သည် အယောက် ၃ဝ လောက် ဝင်ရာကနေ ဒီနှစ် တစ်ရက်ကို ကား ၁၂ စီးလောက်နဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် အယောက် ၁ဝဝ လောက် ဝင်ပါတယ် '' ဟု ရှမ်းစက္ကူနှင့် ထီးလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးသည် ရှမ်းစက္ကူနှင့် ထီးလုပ်ငန်း ဖြစ်သည်။ သဘာဝပေါက်ပင် ဖြစ်သော ဓနု တိုင်းရင်းသား အခေါ် ရှာလွဲစွယ်ပင်၊ ရှမ်းအခေါ် ရှာလဲပင်နဲ့ မြန်မာအခေါ် ပိုးစာပင်မှ လျှော်ကို ဦးစွာယူရသည်။ ထိုလျှော်ကို အဝကျယ် ဒယ်အိုးတွင် ထည့်ပြုတ်ပြီး လေးလက်မ အရွယ် လျှော်လုံးရရန် ပြုလုပ်ကာ လျှော်လုံးကို သုံးပေပတ်လည် 'ထင်' ပေါ်တင် ('ထင်'သည် ဝါးခြမ်းပြား များကို စုစည်း၍ အချပ်ဖြစ်အောင် ပြုလုပ်ထားသော အပြားဖြစ်သည်။ ထိုအချပ်နှစ်ခုဖြင့် လျှော်ကို ဖိညှပ် ဆွဲတင်းပြီး စက္ကူဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်သည်။) ပြီး ရေစိမ်နေလှန်း မှုမှ စက္ကူရသည်ထိ လုပ်ငန်းကို ကမ္ဘာလှည့် ခရီးသွားများက စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။

ယခုနှစ်တွင် ရှမ်းစက္ကူဖြင့် ပြုလုပ်ထားသည့် အရွယ်စုံထီး၊ စာအုပ်၊ မှတ်စုစာအုပ်၊ လက်ကိုင်ပဝါ၊ ယပ်တောင်၊ ပိုက်ဆံအိတ်၊ ကြောင်လျှာသားဖြင့် ပြုလုပ်သည့် လည်ဆွဲနှင့် တိရစ္ဆာန်ပုံများကို အများဆုံး ဝယ်ယူကြကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...