Social Icons

Pages

Monday, February 8, 2016

ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ထောက်ပံ့သင်ကြားမှု ငါးနှစ်ထပ်မံတိုးမြှင့်မည်



ရန်ကုန် ၊ ၈-၂-၂၀၁၆

ဥရောပသမဂ္ဂ (EU) မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲရေး အတွက် ထောက်ပံ့ သင်ကြားမှုကို ငါးနှစ်ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂမှ လူထု အခြေပြု အဖွဲ့အစည်းများ ဆိုင်ရာကဏ္ဍ ခေါင်းဆောင် Ms. Karin Deckenbach ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ထပ်မံတိုးမြှင့် လိုက်သည့် ငါးနှစ်တာ ကာလအတွင်း လူစုလူဝေး စနစ်တကျ စီမံခန့်ခွဲမှု အပိုင်းများ၊ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ် အပိုင်းများ၊ ရဲတပ်ဖွဲ့နှင့် မီဒီယာများ၏ ပြောကြားချက် တွင် ချိတ်ဆက်မှု နှင့် ပတ်သက်သည့် အပိုင်းများကို ထည့်သွင်း သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''ပြီးခဲ့တဲ့ နှစ်နှစ်ကထက် စာရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိုပြီး ကျယ်ပြန့်စွာ လုပ်ဆောင် သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့ပြင် နည်းပညာပိုင်း ဆိုင်ရာ အသေးစိတ် အပိုင်းများနှင့် ရဲတပ်ဖွဲ့မှ မှုခင်းများ စုံစမ်း ထောက်လှမ်းရာတွင် နည်းပညာများ ပေါ်ထွက်လာ စေရန်နှင့် ရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် များအား ဥပဒေနှင့် ထောက်ပံ့ ပေးနိုင်ရန် အပိုင်းများ ကိုလည်း အသေးစိတ် သင်ကြားေ ပးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ထောက်ပံ့ သင်ကြားမှု ငါးနှစ် သက်တမ်း တိုးမြှင့်ခြင်းကို ယခုနှစ် ဧပြီလအတွင်း စတင်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...