မန္တလေး ၊ ၁၇-၂-၂၀၁၆
မန္တလေးနန်းတွင်း ၌ မြနန်းစံကျော် ရွှေနန်းတော်ကြီး အပြင် အခြား လူသိနည်းသော သမိုင်းဝင် နေရာ များစွာ ကို တစ်စုတစ်စည်း တည်း လေ့လာ နိုင်ကြောင်း၊ အဆိုပါ နေရာများသည် မြနန်း စံကျော် ရွှေနန်းတော်ကြီး ၏ အနီး ပတ်ဝန်းကျင်၌ တစ်ဆက် တစ်စပ်တည်း တည်ရှိနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန မန္တလေးဌာန ခွဲမှ သိရသည်။
''လေ့လာ လည်ပတ်တဲ့ သူတွေ တော်တော် များများက မြနန်းစံကျော် ရွှေနန်းတော်ကြီး ကိုပဲ လာရောက်တာ များပါတယ်။ အနီး ပတ်ဝန်းကျင်မှာ မင်းတုန်းမင်းနဲ့ သီပေါမင်း လက်ထက် ကတည်းက အနှစ် ၁ဝဝ ကျော် သက်တမ်းရှိတဲ့ သမိုင်းဝင်နေရာ၊ အဆောက်အအုံ တွေ အများကြီး ရှိနေပါတယ်'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲမှ ဝန်ထမ်း တစ်ဦးက ပြောပြသည်။
အဆိုပါ သမိုင်းဝင်နေရာ အဆောက်အအုံ များမှာ မင်းတုန်းမင်းနှင့် ဆွေတော် မျိုးတော်များ၊ အုတ်ဂူဝင်း၊ စွယ်တော်စင်၊ ပဟိုရ်စင်၊ ဥပုသ်တော် ဆောင်၊ မြောက် ဥယျာဉ်တော်၊ တောင် ဥယျာဉ်တော်၊ ဒင်္ဂါးစက်ရုံ၊ ကျောက်စာရုံ၊ ရေတွင်း ကိုးတွင်း စသည့် သမိုင်းဝင် နေရာနှင့် အဆောက်အအုံ များ ဖြစ်ကြောင်း သိရသည်။
လာရောက် လည်ပတ် လေ့လာသူ များသည် ၄င်းသမိုင်းဝင် နေရာနှင့် အဆောက်အအုံ များကို အမှတ်တမဲ့ ဖြစ်ကြပြီး သိရှိလေ့လာမှု နည်းပါးကြောင်း၊ များသောအားဖြင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး ကိုသာ ဝင်ရောက် ကြည့်ရှုကြသူ များကြောင်း သိရသည်။
အဆိုပါ လူသိနည်းသော သမိုင်းဝင်နေရာ များကို ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန မန္တလေး ဌာနခွဲနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ထိန်းသိမ်းထားပြီး စိတ်ဝင်စား သူများ လာရောက် လေ့လာနိုင် ကြောင်း၊ အုတ်ဂူဝင်းတွင် မင်းတုန်းမင်း အုတ်ဂူ၊ ပုဂံမင်း မယ်တော် အုတ်ဂူ ပြာသာဒ်၊ လောင်းရှည် မိဖုရား အရိုးအုတ်ဂူ ပြာသာဒ်၊ ဆင်ဖြူမရှင် မိဖုရားကြီး အုတ်ဂူ၊ စကြာဒေဝီ မိဖုရားအုတ်ဂူ စသည်တို့သည် တစ်စုတစ်ဝေး တည်းတွင် တည်ရှိပြီး လေ့လာ နိုင်ကြောင်း၊ စွယ်တော်စင် နှင့် ပဟိုရ်စင် တို့မှာ နန်းတွင်း အရှေ့ပေါက်မှ ဝင်ရောက်လျှင် နန်းတော်ကြီးနှင့် အရှေ့ဘက်တွင် တည်ရှိပြီး ကျောက်စာရုံ နှင့် မလှမ်းမကမ်း တွင် တည်ရှိကြောင်း သိရသည်။
ထို့ပြင် ဒင်္ဂါးစက်ရုံ၊ ဥပုသ်တော် ဆောင်၊ တောင် ဥယျာဉ်တော်၊ မြောက် ဥယျာဉ်တော် စသည့် ရှေးမြန်မာမင်းများ လက်ထက်က အသုံးပြုခဲ့သော သမိုင်းဝင် နေရာများ မှာလည်း လူသိနည်းပြီး လေ့လာသူ အနည်းငယ် ရှိသဖြင့် မြနန်းစံကျော် ရွှေနန်းတော် သို့ ရောက်ရှိပါက တစ်ဆက် တစ်စပ်တည်း လေ့လာနိုင်သော နေရာများ ဖြစ်ကြောင်း သိရသည်။ (၁၈ဝ)
ရတနာပုံနေ့စဉ် ၊ စာ(၅)
No comments:
Post a Comment