Social Icons

Pages

Monday, February 15, 2016

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာဖြေလွှာ၏ ပထမစာမျက်နှာ၌ ရေးသားဖြေဆိုခွင့် မပြုဘဲ ယင်း၏ကျောဘက်စာမျက်နှာမှ စတင်ဖြေဆိုရမည်



ရန်ကုန် ၊ ၁၅-၂-၂၀၁၆

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာဖြေလွှာ၏ ပထမ စာမျက်နှာကို စာစစ်သူများ အမှတ်ပေါင်းရန် အသုံးပြုမည် ဖြစ်သဖြင့် ဖြေဆိုခွင့် မပြုတော့ဘဲ ကျောဘက် စာမျက်နှာမှ စတင်ဖြေဆို ရမည် ဖြစ်ကြောင်း မြန် မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာ၏ ပထမစာ မျက်နှာတွင် '' ဤ စာမျက်နှာသည် စာစစ်သူများ အသုံးပြုမည် ဖြစ်ပါ၍ ကျောဘက် စာမျက်နှာမှ စ၍ ဖြေဆိုပါ'' ဟု ရေးသား၍ စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန များသို့ ဖြန့်ဝေမည် ဖြစ်သည်။

ထို့ပြင် အဖြေလွှာတွင် ခုံအမှတ်နှင့် စာစစ်ဌာနတို့ကို သတ်မှတ်ထားသည့် နေရာတွင် ပီပီသသရေး ရန်၊ ဖြေဆိုသူသည် အဖြေလွှာ ပေါ်၌ လက်မှတ် ရေးထိုးခြင်း၊ ဖြေဆိုသူ မည်သူမည်ဝါ ဖြစ်ကြောင်း သိစေနိုင်မည့် အမှတ်အသား သင်္ကေတများ ရေးသားခြင်း မပြုရန်၊ ပြုလုပ်ပါက အဖြေလွှာကို ပယ်ဖျက်မည် ဖြစ်ပြီး အဖြေလွှာတွင် မင်ဖျက်ဆေး သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ညွှန်ကြား ထားသည်။

''အဖြေလွှာရဲ့ ရှေ့ဆုံး စာမျက်နှာက စာစစ်တဲ့ ဆရာမတွေ အမှတ်တွေကို အကြမ်းပေါင်းဖို့ အလွတ်ထား ရမှာပါ။ ဒါကြောင့် အဲဒီ စာမျက်နှာပေါ်မှာ မှားပြီး မဖြေမိဖို့ စာတန်း ရေးထားတာပါ။ ဒီနှစ်က စပြီးတော့ ရှေ့တစ်မျက်နှာ လုံးကို ဆရာတွေ အတွက် ချန်ခိုင်းလိုက် တာပါ။ မသိလို့ ဖြေမိလိုက်လည်း ပြဿနာ မရှိပါဘူး'' ဟု မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၉ ရက်တွင် စတင် စစ်ဆေးမည် ဖြစ်ပြီး မတ်လ ၁၈ ရက်တွင် ဘာသာတွဲများ အားလုံး ဖြေဆိုပြီးစီးမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မေးခွန်းတစ်စုံ တည်းဖြင့်သာ ဖြေဆိုရမည် ဖြစ်ပြီး အဆိုပါ စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် လျှောက်ထားသူ ၆၇ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...