Social Icons

Pages

Thursday, January 7, 2016

အွန်လိုင်းရောင်းဝယ်ရေး ၀န်ဆောင်မှုပြုလုပ် နေသူများအနေဖြင့် တစ်နှစ်လျှင် ၀င်ငွေကျပ်သိန်း ၂၀ ကျော်ပါက အခွန်ပေးဆောင် ရမည်



ရန်ကုန် ၊ ၇-၁-၂၀၁၆

အင်တာနက် အွန်လိုင်းပေါ်တွင် အကောင့်များ၊ ဝက်ဘ်ဆိုက်များ ဖွင့်ပြီး ပစ္စည်း အရောင်းအဝယ် ဝန်ဆောင်မှု ပြုလုပ်နေသူများ အနေဖြင့် ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် လိုအပ်ပြီး တစ်နှစ်လျှင် ဝင်ငွေ ကျပ်သိန်း ၂ဝ ကျော်ပါက အခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ယခုနောက်ပိုင်း အွန်လိုင်းပေါ်တွင် အကောင့်များ၊ ဝက်ဘ်ဆိုက်များ ဖွင့်ပြီး ပစ္စည်း အရောင်းအဝယ် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ များပြားလာပြီး ဥပဒေတွင် သီးခြား မပါသော်လည်း အွန်လိုင်း အရောင်းအဝယ် ပြုလုပ်သူများလည်း ပုံမှန်ရောင်းဝယ် ဖောက်ကားသူများ ကဲ့သို့ အခွန်ဆောင်ရန် လိုအပ်ပြီး ဝင်ငွေရရှိသူ မည်သူမဆို ဝင်ငွေခွန် ဥပဒေအရ သတ်မှတ် ထားသည့် အခွန် ပေးဆောင်ရန် လိုကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေ ကျပ်သိန်း ၂ဝ နှင့် အထက်ရှိသည့် ဝင်ငွေရှိသူ မည်သူမဆို ဝင်ငွေအလိုက် ၅ ရာခိုင်နှုန်းမှ စတင်၍ အခွန်ပေးဆောင် ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ပမာဏ မပြည့်မီလျှင် အခွန်ဆောင်စရာ မလိုကြောင်း သိရသည်။

''ဝင်ငွေခွန် ကြေညာလွှာ တင်ရတယ် လို့လည်း မကြားမိပါဘူး။ အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ အများစုက ဝယ်သူနဲ့ ရောင်းသူကြား ထဲက ဝန်ဆောင်မှုပဲ လုပ်တာ ဆိုတော့ အခွန်ဆောင် ရအောင်အထိ ဝင်ငွေလည်း မရပါဘူး'' ဟု အွန်လိုင်း ရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် နေသူတစ်ဦး က ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...