Social Icons

Pages

Friday, January 8, 2016

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဌာနကိုးခု ပြောင်းရွှေ့ဖွင့်လှစ်မည်


ရန်ကုန် ၊ ၈-၁-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဌာနကိုးခုကို ယခုလအတွင်း ဗိုလ်တထောင်မြို့နယ် (၄၆) လမ်းရှိ လေမှုတ်စက်ရုံဝင်း အနီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ပြောင်းရွှေ့မည့် ဌာနများမှာ (၄၆) လမ်းရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးရုံးမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ ညှိနှိုင်း ဆောင်ရွက်ရေးဌာန၊ ကျန်းမာရေး ဌာန၊ စစ်ဆေးရေးဌာန တို့ဖြစ်ပြီး မြို့တော်ခန်းမမှ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ အင်ဂျင်နီယာဌာန (လမ်း၊တံတား)၊ ရာပြတ်ဌာန၊ အခွန်ဌာနတို့ ဖြစ်ကြောင်း သိရသည်။

''တည်ဆောက်မှုက ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီ။ ဓာတ်လှေကား တပ်ဖို့ပဲ ကျန်တော့တာပါ။ ဒီလထဲမှာ နေရာပြောင်းရွှေ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်ရခြင်းမှာ မြို့တော်ခန်းမရှိ ဌာနတချို့၌ ရုံးကိစ္စ ဆောင်ရွက်ရာတွင် နေရာအခက်အခဲ ဖြစ်နေခြင်းကို အဆင်ပြေစေရန် နှင့် စည်ပင်ဌာန တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်၍ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...