ရန်ကုန် ၊ ၂၉-၁၂-၂၀၁၅
ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ၌ ကမ်းရိုးတန်းသွား သင်္ဘော MV-705 ကို လွတ်လပ်ရေးနေ့ အမီ အများပြည်သူ လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာကို ရန်ကုန်-သန်လျင် တံတားကြီး အနီး သာကေတမြို့နယ် အတွင်း၌ မြေဧက ၁၁၇ ဧကပေါ်တွင် ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား လူမျိုးများ၏ လူမျိုးအလိုက် နေထိုင်ကြသည့် နေအိမ်များ၊ ရိုးရာ အဝတ်အထည်များ၊ အစားအသောက်များ၊ အထင်ကရ နေရာများ၊ တိရစ္ဆာ န်များအား အများပြည်သူ လေ့လာကြည့်ရှု နိုင်ရန် ထားရှိပေးထား သောကြောင့် ပြည်တွင်း ပြည်ပ တိုင်းရင်းသား များဖြင့် စည်ကားလျက် ရှိသည်။
''အခု ကမ်းရိုးတန်းသွား သင်္ဘော MV-705 ထားဖို့ စီစဉ်နေပါတယ်။ သင်္ဘောကို ငါးလုပ်ငန်း ဦးစီးဌာနက ကူညီတာပါ။ သင်္ဘောက အရှည်ပေ ၁၄ဝ၊ ဗြက် ပေ ၃ဝ ကျော်ရှိပါတယ်။ လေ့လာ လည်ပတ်သူ တွေကို သင်္ဘောပေါ် တက်ခွင့်ပေး ပါမယ်။ အဓိကကတော့ လာရောက် လေ့လာ လည်ပတ်တဲ့ သူတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ ရမယ်။ သင်္ဘောကို လေ့လာလို့ရမယ်၊ သင်္ဘောပေါ် တက်လိုက်ရင်လည်း သန်လျင်တံတား ကြီးရဲ့အလှအပကို တွေ့မြင်နိုင်မှာပါ'' ဟု ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာမှ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မိုး က ပြောသည်။
လက်ရှိတွင် ကမ်းရိုးတန်းသွား သင်္ဘော MV-705 (ပုံ) ကို ကြည့်ရှုလေ့လာ နိုင်ရန် ထားရှိပေး ထားပြီး ကမ်းရိုးတန်းသွား သင်္ဘောများ၏ သဘော သဘာဝနှင့် သွားလာလှုပ်ရှား ဆောင်ရွက် နေမှုအား အများပြည်သူ လေ့လာနိုင်ရေး အတွက် ကမ်းရိုးတန်းသွား သင်္ဘောများတွင် ရှိသင့်ရှိထိုက်၊ ပါသင့်ပါထိုက် သောပစ္စည်း ကိရိယာ များအား ဖြည့်ဆည်း ထားရှိကြောင်း သိရသည်။
ထို့ပြင် သင်္ဘော ဘေးပတ်လည် ရေနေဧရိယာများ အတွင်း၌ အလှမွေး ငါးမျိုးစုံ စိုက်ထည့်မွေးမြူ သွားမည် ဖြစ်ကြောင်း သိရသည်။
ဇာညီသစ္စာ
မြ၀တီနေ့စဉ် ၊ စာ(၁၂)
No comments:
Post a Comment