Social Icons

Pages

Tuesday, December 15, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ကြည့်ရှု စစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ တပ်မတော်ချည်မျှင် နှင့် အထည်စက်ရုံ (မိတ္ထီလာ) မှ ထုတ်လုပ်ထားသော ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား စက်ရုံမှူးက စက်ရုံကုန်ထုတ်လုပ်မှု အခြေအနေများနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု တို့ကို ရှင်းလင်းတင်ပြစဉ်

နေပြည်တော် ၊ ၁၅-၁၂-၂၀၁၅

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်ဆန်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံ ကုန်ထုတ်လုပ်မှု အခြေအနေများနှင့် သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု တို့အား ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကုန်ချော ထုတ်လုပ်မှုတိုင်း အရည်အသွေး ကောင်းမွန်ရန် လိုအပ်ပြီး ထုတ်လုပ်ပြီး ကုန်ပစ္စည်းများအား အမြန်ဆုံးဖြန့်ဝေ နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ နှစ်အလိုက် တန်ဘိုးလျော့ချမှု တွက်ချက်ထားရန်၊ တပ်မတော် အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အတွက် ကျောင်းစိမ်းလုံချည် နှင့် အင်္ကျီစ(အဖြူ) ချုပ်လုပ်နိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရန်၊ တပ်မတော်၏ လိုအပ်ချက်များအား အချိန်မီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ စက်များ၏ ကြံ့ခိုင်မှု လုပ်ငန်းများကို ပုံမှန် ဆောင်ရွက်သွားရန်၊ ၀န်ထမ်းများ၏ သက်သာ ချောင်ချိရေး ဆောင်ရွက် ပေးရန်နှင့် စာသောက်ရေး တို့တွင် အဆင့်ရှိရှိ ကျွေးမွေးရန်၊ စက်ရုံဝန်ထမ်းများ ခန့်အပ်ရာတွင် တပ်မတော်၏ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ နိုင်သူများအား အဓိကထား ရွေးချယ်သွားရန် တို့အား ဖြည့်စွက် မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသည့် စက်ရုံမှ ထုတ်လုပ်သော ထုတ်ကုန်များကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...