Social Icons

Pages

Friday, November 27, 2015

အစားရှောင်ခြင်းသည် လူတိုင်းအတွက် တူညီသော အကျိုးကို ခံစားရလေ့မရှိ



ကိုယ်အလေးချိန် လျှော့ချရန် သော်လည်းကောင်း ၊ ကိုယ်အလေးချိန် ကို ထိန်းထားရန် သော်လည်းကောင်း၊ အစားရှောင်ခြင်း ၊ အစားထိန်းခြင်း ပြုလုပ်သူများ အနေဖြင့် တူညီသော အကျိုးကို လူတိုင်းခံစား ရလေ့မရှိဘဲ အချို့သော သူများသည် အစားရှောင်ခြင်း ၊ ထိန်းခြင်း ပြုလုပ် သော်လည်း ကိုယ်အလေးချိန် တိုးမြဲတိုင်း တိုးနေရသည့် အကြောင်းရင်းမှာ ခန္ဓာကိုယ် တစ်ခုနှင့် တစ်ခုသည် အစားအစာ တစ်ခုအပေါ် တုံ့ပြန်သည့် အနေအထား ခြင်း မတူညီခြင်း ကြောင့် ဖြစ်ကြောင်း အစ္စရေး သုတေသီ များက ပြောပြသည်။

''ထမင်းမစားလဲ ဝပါတယ်။ နည်းနည်း စားလိုက်တာနဲ့ ဗိုက်ပြန်ထွက် လာတယ်။ ဘယ်လောက် အစား ရှောင်ရှောင် ဝိတ်က မကျဘူး၊ အစရှိတဲ့ ညည်းညူသံ တွေကို မကြာခဏ ကြားရပါတယ်။ တကယ်တော့ လူ ခန္ဓာကိုယ် တွေဟာ တစ်ခုနဲ့ တစ်ခုဇီဝကမ္မ လုပ်ဆောင်ချက်ချင်း မတူညီကြတဲ့ အတွက် အဆီအအိမ့် ရှောင်လို့  တစ်ယောက်မှာ အကျိုးထူး ပေမယ့် နောက်တစ်ယောက် မှာတော့ အကျိုးထူးဖို့ မသေချာပါဘူး။ ဒါကြောင့် သူငယ်ချင်း က အစားရှောင်လို့ ပိန်သွားတယ် ဆိုပြီး သူရှောင်သလို လိုက်ရှောင်တဲ့ အခါ ကိုယ့်မှာလာပြီး အကျိုးထူးချင်မှ ထူးမှာပါ ''ဟု သုတေသီ တစ်ဦးက ပြောပြသည်။

အစာအာဟာရ ကျွမ်းကျင်သူ များသည် အစားအသောက် များအလိုက် စားသောက် လိုက်သောအခါ သွေးတွင်း သကြားဓာတ် ဖြစ်ပေါ်မှု ပမာဏကို တိုင်းတာကာ လျှော့စားရမည့် အစားအစာ၊ တိုး၍ စားရမည့် အစားအစာ အဖြစ် ရွေးချယ် သတ်မှတ်ပေးကာ ကိုယ်အလေးချိန် လျှော့ချ လိုသူများ အတွက် စားသောက်မှု ပုံစံအသစ် ရေးဆွဲပေး တတ်ကြရာ ၄င်း သွေးတွင်း သကြားပမာဏ (Glycemic Index) တစ်မျိုးတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်ကြောင်း၊ ကာယကံရှင်၏ ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်နှင့် လုံးဝ သက်ဆိုင် နေကြောင်း ၄င်းက ရှင်းပြသည်။

သုတေသီ များသည် အသက် ၁၈ နှစ်မှ အသက် ၇ဝ ကြားအရွယ် စေတနာ့ ဝန်ထမ်းဦးရေ ၈ဝဝ ကို နံနက်စာ တစ်မျိုးတည်းကို စားစေကာ ၄င်း အစားအစာကို ခန္ဓာကိုယ်က ချေဖျက်ဖြိုခွဲကာ အသုံးပြုပုံ အဆင့်ဆင့်ကို လေ့လာ ဆန်းစစ် ကြည့်ခဲ့ရာ အစားအစာ အမျိုးအစားချင်း တူညီနေ သော်လည်း ခန္ဓာကိုယ် ထဲတွင် အဆင့်ဆင့် ပြောင်းလဲသွားပုံ မတူဘဲ အစားအစာ တစ်မျိုးတည်း ကြောင့် အချို့လူမှာ ကိုယ်အလေးချိန် တက်မသွား သော်လည်း အချို့ လူများတွင် ကိုယ်အလေးချိန် တက်သွားလေ့ ရှိခြင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...