Social Icons

Pages

Thursday, October 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ





နေပြည်တော် ၊ ၁၅-၁၀-၂၀၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ မိန့်ခွန်းပြောကြားပြီး လက်မှတ်ရေးထိုး တိုင်းရင်းသားများ၏ ကိုယ်စား ကရင်အမျိုးအသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတ်တမ်း ဗွီဒီယိုအား ပြသပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို နိုင်ငံတော် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များက လက်မှတ် ရေးထိုးပြီး တက်ရောက် လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ အသိသက်သေ များက လက်မှတ်ရေး ထိုးခဲ့ကြသည်။

ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်၏ အနှစ်ချုပ် ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကရင် အမျိုးအသား အစည်းအရုံးမှ အတွင်းရေးမှူး ဖဒိုစောကွယ် ထူးဝင်းတို့က ဖတ်ကြားပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားခေါင်းဆောင်များ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...