Social Icons

Pages

Wednesday, September 16, 2015

ဗီဇာအခက်အခဲကြောင့် မြန်မာခရီးသွားများ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက်လည်ပတ်မှု နည်းပါး


ရန်ကုန် ၊ ၁၆-၉-၂ဝ၁၅

မြန်မာခရီးသွားများ အနေဖြင့် တောင်ကိုရီးယား နိုင်ငံသို့ ဗီဇာ လျှောက်ထားရာတွင် အခက်အခဲများ ရှိခြင်းကြောင့် သွားရောက်မှု နည်းပါးကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် လာသော်လည်း မြန်မာ ခရီးသွားများ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်မှုမှာ နည်းပါး နေကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲခြင်းသည် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက် စေခြင်းကြောင့် ဖြစ်သည်။ 

ထို့အပြင် တောင်ကိုရီးယား နိုင်ငံ၌ တောင်နှင့် မြောက် ပဋိပက္ခများနှင့် မားစ်ရောဂါကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ခရီးသွား လုပ်ငန်း ကျဆင်းခဲ့ရပြီး ပြန်လည် တိုးတက်လာ စေရန် အာရှဈေးကွက်ကို အဓိကထား၍ ဈေးကွက် ရှာဖွေမှုများ ပြုလုပ်နေ ရကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။

ဈေးကွက်ရှာဖွေ ရာတွင်လည်း အာရှဈေးကွက်မှ စိတ်ဝင်စားမှု များသည့် Kpop ပွဲများ၊ အရောင်းပွဲတော် များဖြင့် ထိပ်တန်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို ပြန်လည် ဆွဲဆောင် နေရသည့်အပြင် တိုက်ရိုက် လေကြောင်းလိုင်း ရှိသည့် မြန်မာနိုင်ငံ အတွက် ဈေးကွက် ဦးတည်ချက် ထားကာ လုပ်ငန်း မြှင့်တင်မှုများ လုပ်ဆောင် နေကြောင်း သိရသည်။

လင်းသူ

မြဝတီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...