ရန်ကုန် ၊ ၁၄-၈-၂၀၁၅
မြန်မာနိုင်ငံ အတွင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့် ပြည်သူများ အနေဖြင့် ပြည်ပမှ မိသားစုဝင် များနှင့် ဆက်သွယ်နိုင်ရန် Y-Talk စနစ်ဖြင့် အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ရေဘေးသင့် ပြည်သူများအား ပြည်ပသို့ ဖုန်းခေါ်ဆို နိုင်ရန် ဆောင်ရွက်ပေး ရာတွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ တို့သို့ ဆက်သွယ် ပြောဆိုနိုင်မည့် အပြင် ကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများ ခေါ်ဆိုလိုသည့် နိုင်ငံတိုင်းကို အခမဲ့ဖုန်းခေါ်ဆို နိုင်ကြောင်း သိရသည်။
ပြည်ပနိုင်ငံရောက် မိသားစုဝင်များကို ဆက်သွယ်ရန် ကယ်ဆယ်ရေး ဌာနမှ အခက်အခဲ များရှိ နေခြင်းကြောင့် Y-Talk စနစ်ဖြင့် အခမဲ့ဖုန်း ပြောဆိုနိုင်ရန် စီစဉ်ပေး ရခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးသင့် ပြည်သူများ ပြည်ပသို့ Y-Talk စနစ်ဖြင့် အခမဲ့ဖုန်း ခေါ်ဆိုခြင်းကို သြဂုတ် ၁ဝ ရက်မှစတင်၍ ဖုန်းခေါ်ဆိုမှုကို ရက်ကန့်သတ် ထားခြင်း မရှိဘဲ ပြည်သူများ အဆင်ပြေသည့် အချိန်အထိ အခမဲ့ ပြောဆို နိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။
ဆုလာဘ်
မြ၀တီနေ့စဉ် ၊ စာ(၆)
#Themyawadydaily
No comments:
Post a Comment