Social Icons

Pages

Wednesday, August 26, 2015

သဘာဝဓာတ်ငွေ့ (CNG) လောင်စာသုံးစွဲမှုကို စီးတီးဘတ်စ် ယာဉ်ကြီးများအား ဦးစားပေးသွားရန် လျာထား



ရန်ကုန် ၊ ၂၆-၈-၂ဝ၁၅

မော်တော်ယာဉ် များ၌ လောင်စာဆီ အဖြစ် သုံးစွဲရာတွင် အနာဂတ် ကာလ သဘာဝ ဓာတ်ငွေ့ (CNG) လောင်စာသုံးစွဲမှု တွင် ခရီးသည်တင် စီးတီးဘတ်စ် ယာဉ်ကြီးများ ကိုသာ ဦးစားပေး ချထားရန် လျာထားကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ သိရသည်။

ယခုအခါ သဘာဝဓာတ်ငွေ့ လောင်စာကို ခရီးသည်တင် စီးတီးဘတ်စ် ယာဉ်တချို့နှင့် အငှားယာဉ် တချို့တွင် ချထားပေးလျက် ရှိသည်။ ထို သဘာဝဓာတ်ငွေ့ ကို မော်တော်ယာဉ် များတွင် လောင်စာ အဖြစ် အသုံးပြု ခြင်းမှာ ဓာတ်ဆီ၊ ဒီဇယ် တို့ထက် စရိတ် သက်သာမှု ရှိစေရန် ပြုလုပ်ခြင်း ဖြစ်ပြီး အငှားယာဉ် များသည် ပျမ်းမျှ ခရီးသည် ငါးဦးခန့်သာ သယ်ဆောင် နိုင်သော်လည်း စီးတီးဘတ်စ် ယာဉ်ကြီးများမှာ ခရီးသည် အများအပြား ကို တစ်ကြိမ် တည်းဖြင့် သယ်ယူနိုင် သောကြောင့် အနာဂတ် ကာလတွင် ဦးစားပေး၍ လျာထားရခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မည့် အများပိုင် ကုမ္ပဏီ ဘတ်စ်ကားလိုင်း တွင် ပြေးဆွဲရန် လျာထားသော ယာဉ်အစီးရေ ၁ဝဝ အတွက်လည်း စရိတ် သက်သာစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် သဘာဝ ဓာတ်ငွေ့များ ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ သဘာဝ ဓာတ်ငွေ့ လောင်စာကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စီးတီးဘတ်စ် ယာဉ်ကြီးများနှင့် အငှားယာဉ် များ၌ တစ်ရက်လျှင် ပျမ်းမျှ ကုဗပေ ၁၉ သန်းနှင့် သန်း ၂ဝ ကြား ဖြန့်ဖြူး ရောင်းချ နေရကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...