Social Icons

Pages

Wednesday, August 26, 2015

သွေးတိုးရောဂါ ရှိသူများအနေဖြင့် ဆေးဝါးအပြင် စိတ်ဖိစီးမှု ကိုလည်း လျှော့ချရန်လိုအပ်



ရန်ကုန် ၊ ၂၆-၈-၂ဝ၁၅

စိုးရိမ်ပူပန် တတ်သူ အများစုတွင် သွေးတိုးရောဂါ အဖြစ်များပြီး သွေးတိုးရောဂါ ဖြစ်ပွားပါက ဆေးဝါး တစ်ခုတည်းသာ အားမကိုးဘဲ စိတ်ဖိစီးမှု ကိုလည်း လျှော့ချ သွားရန် လိုအပ်ကြောင်း Fam4 ဆေးဝါးစက်ရုံမှ ဒေါက်တာ ခင်မောင်လွင် ၏ ပြောကြားချက် အရ သိရသည်။

ထိုသို့ စိုးရိမ်ပူပန်စိတ် များပါက ခန္ဓာကိုယ် အတွင်း ကတ်တကော အေမင်း ခေါ်သော ဟော်မုန်းများ ထွက်ရှိပြီး အဆိုပါ ဟော်မုန်းများကြောင့် နှလုံးခုန်နှုန်းများ မြန်လာကာ သွေးတိုးရောဂါ ရစေခြင်း ဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်၍ သွေးတိုးရောဂါ ရှိပြီးသူ များတွင် စိတ်ဖိစီးမှုများ ရှိပါက ဆေးကို မည်မျှပင် သောက်သော်လည်း ရောဂါမှာ သက်သာမှု မရှိကြောင်း၊ ထို့ကြောင့် သွေးတိုးရောဂါ ရှိသူများ အနေဖြင့် စိတ်ပူပင် သောကများကို တတ်နိုင်သမျှ လျှော့ချပြီး မိမိကိုယ်ကို ထိန်းချုပ်ရန် အရေးကြီး ကြောင်း သိရသည်။

သွေးတိုးရောဂါ သည် ဆေးလိပ် သောက်ခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှု နည်းခြင်း တို့ကြောင့်လည်း ဖြစ်စေ တတ်ကြောင်း သိရသည်။ သွေးတိုးရောဂါ ကို စနစ်တကျ မကုသပါက နှလုံးရောဂါ၊ ကျောက်ကပ် ရောဂါ၊ မျက်စိရောဂါ နှင့် ဦးနှောက် သွေးကြောရောဂါ ကဲ့သို့သော နောက်ဆက်တွဲ ဝေဒနာများကို ထပ်မံ ခံစားရနိုင်ပြီး မကုသဘဲ ထားပါက အသက်ဆုံးရှုံး ရသည်အထိ ဆိုးရွား လာနိုင်ကြောင်း သိရသည်။

သွေးတိုးရောဂါ ရှိသူများ အနေဖြင့် ဟင်းသီး ဟင်းရွက်စိမ်း များများ စားသုံးပေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက် သောက်သုံးမှု ကို ရှောင်ကြဉ်ခြင်း၊ ကိုယ်အလေးချိန် ရှိသင့်သည်ထက် မပိုအောင် အစားအသောက် ဂရုစိုက် စားသောက်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းနှင့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း များကို တတ်နိုင် သလောက် လုပ်ဆောင် ပေးခြင်းဖြင့် သွေးတိုးရောဂါ ကိုသက်သာ စေရန် အထောက်အကူ ပြုနိုင်ကြောင်း သိရသည်။

ကေကေ

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...