Social Icons

Pages

Tuesday, August 18, 2015

ကမ္ဘာ့ရော်ဘာပေါက်ဈေးကျဆင်းလာမှုကြောင့် ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၅ဝ ခန့် ကျဆင်းလာ



ရန်ကုန် ၊ ၁၈-၈-၂ဝ၁၅

ကမ္ဘာ့ရော်ဘာေ ပါက်ဈေး ကျဆင်းလာမှု ကြောင့် ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၅ဝ ခန့် ကျဆင်း လာကြောင်း ရော်ဘာ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ ထံမှ သိရသည်။

ပြည်တွင်းရော်ဘာ ပေါက်ဈေးသည် ယခုလ အတွင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ယခင်က ကမ္ဘာ့ရော်ဘာ ပေါက်ဈေး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၉ဝဝ ခန့်တွင် ပြည်တွင်း ရော်ဘာ ပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၈၆ဝ အထိ ပေါက်ဈေး ရှိခဲ့သည်။ ယခု ကမ္ဘာ့ရော်ဘာ ပေါက်ဈေး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၄ဝဝ အထိ လျော့ကျ သွားပြီး ပြည်တွင်း၌ ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၇၃ဝ သို့ လျော့ကျ သွားခြင်း ဖြစ်သည်။

ယခုလအတွင်း နိုင်ငံတကာ ရော်ဘာ ထုတ်လုပ် ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းတို့ ပူးပေါင်း၍ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရာတွင် အရည်အသွေးမြင့် ရော်ဘာ ထုတ်လုပ်နိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။  ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းမှ ပြည်ပသို့ ရော်ဘာတန်ချိန် ခုနစ်သောင်း ကျော် တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

''မြန်မာ့ရော်ဘာ ဈေးက ကမ္ဘာ့ပေါက်ဈေး ကို မှီခို နေရတယ်။ လက်ရှိ ဈေးနှုန်းကျဆင်း တာက ထုတ်လုပ်မှု ကုန်ကျစရိတ် ထက် နည်းနည်းလေးပဲ သာတယ်။ လာမယ့် ရော်ဘာပို့ ရာသီအစ မှာတော့ ဈေးပြန်တက်
ဖို့လိုတယ်'' ဟု ရော်ဘာ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။

လက်ရှိတွင် မြန်မာ့ရော်ဘာ များကို တရုတ်နိုင်ငံမှ အဓိက ဝယ်ယူလျက် ရှိပြီး ရော်ဘာ အမျိုးအစားနှင့် အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်း ကွာဟချက် ရှိသည်။ ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူ များအသင်းမှ ရော်ဘာစိုက် တောင်သူများအား ရော်ဘာ အရည်အသွေးမြင့် ထုတ်လုပ်ရန် စိုက်ပျိုး ထုတ်လုပ်နည်း သင်တန်းများ ပေးလျက် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...