Social Icons

Pages

Wednesday, August 5, 2015

ပွင့်ဖြူမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်


မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် တာဝန်ရှိသူများ မဲဇလီဆည် လက်တံမြောင်း ရေစီးရေလာ ကောင်းမွန်ရေး အတွက် စက်ယန္တရားများဖြင့် ရွှံ့နွံများ သယ်ထုတ်နေမှု များကို ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ၊ ၅-၈-၂ဝ၁၅

မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ် နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ဧရာဝတီ မြစ်ရေကျဆင်း သွား၍ ပွင့်ဖြူမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများ အသီးသီး ပြန်လည် ဝင်ရောက် နေထိုင်လျက် ရှိပြီး ပွင့်ဖြူမြို့နယ် ဆေးရုံတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင် များက ပြန်လည်ပြုပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ပွင့်ဖြူမြို့ အတွင်းသို့ သွယ်ယူ ထားသော မဲဇလီဆည် လက်တံမြောင်း ရေစီးရေလာ ကောင်းမွန်ရေး အတွက် စက်ယန္တရား များဖြင့် ရွှံ့နွံများ သယ်ထုတ် နေမှုများနှင့် လက်မဲကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၌ ယာယီ ကယ်ဆယ်ရေး စခန်းမှ ရေဘေးသင့် ပြည်သူများအား သြဂုတ် ၃ ရက် နေ့လယ်ပိုင်း တွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် ပွင့်ဖြူမြို့နယ်၊ မဲဇလီတိုက်နယ် ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိသော ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေးပြီး စားသောက် ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...