Social Icons

Pages

Tuesday, August 4, 2015

ကလေးမြို့ ကွန်ပျူတာတက္ကသိုလ် ရှိ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာ များပို့ဆောင်



ကလေး ၊ ၄-၈-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် ရေကြီး ရေလျှံမှုကြောင့် ယာယီ ကျောင်းပိတ် ထားသော်လည်း နေရပ်ပြန်ခြင်း မရှိဘဲ အဆောင်နေ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အား ယမန်နေ့ နေ့လယ်ပိုင်း တွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် နှင့် တာဝန်ရှိ သူများက သွားရောက် တွေ့ဆုံ၍ စားသောက် ဖွယ်ရာများ ပေးအပ်၍ အားပေးစကား ပြောကြားပြီး ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ ရေနစ်မြုပ် ဆုံးရှုံးမှု ဆိုင်ရာ တင်ပြချက် များကို သက်ဆိုင်ရာ အစိုးရ အဖွဲ့သို့ စာရင်းဇယား နှင့်တကွ တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းနောက် ကွန်ပျူတာ တက္ကသိုလ်အနီး ရှိ အေးသာယာ ကျေးရွာမှ တက္ကသိုလ် နံဘေး တောင်ကုန်းများသို့ ရွှေ့ပြောင်း နေထိုင်ကြသော သံဃာတော်များ၊ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ စားသောက် ဖွယ်ရာများ ပေးအပ်ပြီး ကယ်ဆယ်ရေး ပစ္စည်းများအား တပ်မတော် ရဟတ်ယာဉ်ဖြင့် ပေးပို့နိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ရဟတ်ယာဉ်ဖြင့် ကလေးဝ မှ မော်လိုက်မြို့ အထိ ချင်းတွင်းမြစ် တစ်လျှောက် ရေနစ်မြုပ် နေပြီး ကယ်ဆယ်ရေး အဖွဲ့များ မသွားရောက် နိုင်သည့် ကျေးရွာများအား ကြည့်ရှု စစ်ဆေးပြီး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့နိုင်ရေး စီစဉ် ဆောင်ရွက် ပေးသည်။ ထို့နောက် မော်လိုက်မြို့နှင့် ပတ်ဝန်းကျင် မြစ်ကမ်း တစ်လျှောက် ကျေးရွာများ ရေနစ်မြုပ်၍ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်လျက် ရှိသော ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...