Social Icons

Pages

Tuesday, August 4, 2015

ပွင့်ဖြူမြို့ နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ရေပြန်လည်ကျဆင်း၊ သွားလာရန် ခက်ခဲသော ကျေးရွာများသို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေး


ရဟတ်ယာဉ်ဆင်းသက်ရန် မလွယ်ကူသည့် နေရာများမှ ရေဘေးသင့် ပြည်သူများအား ဝေဟင်မှ စားသောက်ဖွယ်ရာများ ပို့ဆောင်ချပေးစဉ်


ပွင့်ဖြူ ၊ ၄-၈-၂ဝ၁၅

မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာမှ ဧရာဝတီမြစ်နှင့် မုန်းချောင်း၊ မန်းချောင်း အတွင်း ရေများပြန်လည် ကျဆင်း သွားသည့်အတွက် ပွင့်ဖြူမြို့ အတွင်းရှိ မြို့နယ်ဆေးရုံ  နှင့် စာသင်ကျောင်း များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြား နိုင်ရေး နယ်မြေခံ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ သန့်ရှင်းရေးနှင့် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေး နေမှုကို ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု၍ ဆွေဘို့ ကျေးရွာ ပြည်လုံးချမ်းသာ မန်းစက်တော် ဘုရားဝင်း အတွင်းရှိ ယာယီ ကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

ပွင့်ဖြူမြို့နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ရေများပြန်လည် ကျဆင်း သွားသည့် အတွက် ဒေသခံပြည်သူ များသည် ၄င်းတို့ နေအိမ်များသို့ ပြန်လည် ဝင်ရောက် နေထိုင်လျက် ရှိပြီး ပွင့်ဖြူမြို့အတွင်း မော်တော်ယာဉ်များ ဝင်ထွက် သွားလာနိုင်ပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆက်လက်၍ ရေကျဆင်းမှု မရှိသေးဘဲ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ကာ ရဟတ်ယာဉ် ဆင်းသက်ရန်ပင် မလွယ်ကူသည့် ရွှေလှေကျေးရွာမှ ရေဘေးသင့် ပြည်သူများ အတွက် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ သောက်ရေသန့်၊ ကြက်ဥနှင့် အသင့် စားသုံးနိုင်သော စားသောက်ဖွယ်ရာ များကို ဝေဟင်မှ ပို့ဆောင်ချထား ပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...