Social Icons

Pages

Friday, August 14, 2015

ကလေးမြို့နယ် နှင့် ဟားခါးမြို့နယ် တို့အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်



စစ်ကိုင်း ၊ ၁၄-၈-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌ တပ်မတော်သား များက ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ သြဂုတ် ၁၂ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင်နှင့် တာဝန်ရှိ သူများသည် ကလေးမြို့ အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဟားခါးမြို့ရှိ ဟားခါး- ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံ အကြား ကက္တရာလမ်း နှင့် နံရံပြိုကျမှု၊ ဟားခါးတပ်နယ် အတွင်း အဆောက်အအုံ များ ပြိုကျမှု၊ လမ်းများ ပျက်စီးမှုနှင့် အောက်ခံမြေသား မြေနိမ့်ကျ နေမှု အခြေအနေ များကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ် ရှိ ဇင်းကလင်း ကျေးရွာနှင့် ချင်းဆိုင်ကျေးရွာ အကြား ကလေး- ဂန့်ဂေါ ကားလမ်း ရေတိုက်စားမှု ကြောင့် ပျက်စီးခဲ့သည့် အမှတ်(၂) တံတားကို တပ်မတော်မှ ယာယီ သံဘေလီ တံတား တည်ဆောက်မည့် နေရာတွင် နယ်မြေခံ တပ်မတော်သားများ တပ်မတော် အင်ဂျင်နီယာတပ် မှ စက်ယန္တရား များဖြင့် တံတားပြန် လည် တည်ဆောက် နိုင်ရေး ဆောင်ရွက် နေမှုများ၊ ကျီကုန်း တပ်နယ်ရှိ ရေနစ်မြုပ် ခဲ့သည့် တပ်ရင်း/ တပ်ဖွဲ့များတွင် နုန်းမြေများ တင်ကျန်ခဲ့သည့် အခြေအနေများ ၊ ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကလေး - ကလေးဝ လမ်းပိုင်းတွင် နုန်းမြေများ တင်ကျန်ခဲ့မှု ကို နယ်မြေခံ တပ်မတော်သား များ၊ ဒေသခံ ပြည်သူများဖြင့် ဖယ်ရှား ရှင်းလင်း ပြီးစီးမှုနှင့် ယာဉ်များ သွားလာနိုင်မှု အခြေအနေ များကို လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၈)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...