Social Icons

Pages

Friday, August 21, 2015

နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန်လူငယ်အဖွဲ့၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်များ တောင်ကိုရီးယား နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးထွက်ခွာ



ရန်ကုန် ၊ ၂၁-၈-၂၀၁၅

မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များအား နိုင်ငံတကာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် အသိပညာ များအား အတုယူ လေ့လာနိုင် စေရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဒုတိယ ဗိုလ်မှူးကြီး အောင်သန်း ဦးဆောင်သော ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်များ ပါဝင်သော လေ့လာရေး အဖွဲ့သည် တောင်ကိုရီးယား သမ္မတနိုင်ငံ နှင့် စင်ကာပူနိုင်ငံ သို့ လေ့လာရေး ခရီး သွားရောက်ရန် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ ကြသည်။

အဆိုပါ လေ့လာရေး အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိ ကြီးများ၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ရင်းရင်းနှီးနှီး လိုက်လံ အားပေးပြီး ပို့ဆောင် နှုတ်ဆက် ကြသည်။

လေ့လာရေး အဖွဲ့တွင် ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော် အဆင့် ဘက်စုံပညာ ထူးချွန်လူငယ် ရွေးချယ်ခံရသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူသုံးဦး၊ အမှတ် အများဆုံး ရရှိသော စစ်မှုထမ်းဆဲ / စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ ၂၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည် သုံးဦး၊ ကျောင်းအုပ်ကြီး/ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိ နှစ်ဦး၊ စစ်သူနာပြု အရာရှိ တစ်ဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အငြိမ်းစား အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးတို့ လိုက်ပါ သွားကြ ကြောင်းနှင့် တောင်ကိုရီးယား သမ္မတ နိုင်ငံတွင် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ လည်းကောင်း၊ စင်ကာပူနိုင်ငံ တွင် သြဂုတ် ၂၅ ရက်မှ ၂၆ ရက် အထိ လည်းကောင်း လေ့လာရေး ခရီးများ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...