Social Icons

Pages

Wednesday, August 19, 2015

တရားမ၀င် ငါးဖမ်းလှေ ၃၈ စီးကို အင်ဒိုနီးရှားနိုင်ငံက ဖောက်ခွဲဖျက်ဆီး





ဂျကာတာ ၊ ၁၉-၈-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံ သည် တရားမဝင် ငါးဖမ်းခြင်းကို ထိန်းချုပ်နိုင်ရန် စံပြ လှုပ်ရှားမှု တစ်ရပ်အဖြစ် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား နိုင်ငံတို့မှ တရားမဝင် ငါးဖမ်းသင်္ဘော ၃၈ စီးကို ယမန်နေ့တွင် ဖောက်ခွဲဖျက်ဆီး နစ်မြုပ်ပြခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းသည် ယမန်နေ့တွင် ကျရောက်သော အင်ဒိုနီးရှား နိုင်ငံ၏ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ ကို ကြိုဆိုသော အားဖြင့် ကျင်းပ ပြုလုပ်သော အစီအစဉ် များ၏ တစ်စိတ် တစ်ဒေသလည်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း လွတ်လပ်ရေး နေ့ကို ကြိုဆိုသော အခမ်းအနားများ ကျင်းပ နေချိန်တွင် အဆိုပါ သင်္ဘောများ ကိုလည်း နေရာအနှံ့တွင် အုပ်စုခွဲကာ မီးရှို့ဖောက်ခွဲ ဖျက်ဆီးပြခဲ့ခြင်း ဖြစ်ပြီး တရားမဝင် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၃၄ စီးနှင့် အင်ဒိုနီးရှား နိုင်ငံမှ တရားမဝင် ငါးဖမ်းသင်္ဘော ၄ စင်း စုစုပေါင်း  ၃၈ စီးကို နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား ရေလုပ်ငန်းနှင့် ငါးမွေးမြူရေး ဝန်ကြီးက ရေကြောင်း အချုပ်အခြာ အာဏာ ပိုင်ဆိုင်ရေး သည် အင်ဒိုနီးရှား နိုင်ငံ၏ စည်းလုံး ညီညွတ်မှု အတွက် အရေးပါကြောင်း ၊ အင်ဒိုနီးရှား နိုင်ငံသည် ကျွန်းစုတစ်ခု ဖြစ်ပြီး နိုင်ငံ၏ သုံးပုံနှစ်ပုံမှာ ရေပြင် ဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဒိုနီးရှား နိုင်ငံ၏ ရေပြင် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ရေးသည် အင်ဒိုနီးရှား၏ အနာဂတ် အတွက် အလွန် အရေးကြီး ကြောင်း ပြောကြားသည်။

ဖော်ပြပါ တရားမဝင် ငါးဖမ်းသင်္ဘော နှင့် ဆက်စပ်နေသူ များကို အင်ဒိုနီးရှားနိုင်ငံ ဥပဒေအရ အရေးယူ အပြစ်ပေးပြီး ငါးဖမ်းလှေ များကို အပျော့စား ဖောက်ခွဲရေး ပစ္စည်းများ အသုံးပြုကာ ဖောက်ခွဲဖျက်ဆီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Indonesia sinks 34 foreign boats to curb illegal fishing

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...