Social Icons

Pages

Tuesday, July 21, 2015

မြနန်းစံကျော် ရွှေနန်းတော် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ယခုနှစ် အောက်တိုဘာလတွင် အပြီး ဆောင်ရွက်မည်



မန္တလေး ၊ ၂၁-၇-၂၀၁၅

မန္တလေး နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် ကို ငွေကျပ်သိန်း ၄၈ဝ အကုန် အကျခံ၍ ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်လျက် ရှိရာ အဆိုပါ လုပ်ငန်းများကို ယခုနှစ် အောက်တိုဘာလ တွင် အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်များ ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

နန်းတွင်းရှိ ရှေးဟောင်း အဆောက်အအုံ များကို ပြုပြင် ထိန်းသိမ်းရာတွင် မြနန်းစံကျော် ရွှေနန်းတော်ရှိ ပျက်စီးနေသည့် နန်းဆောင်များ၊ နန်းမြို့ရိုးရှိ ယိုင်နဲ့ ပျက်စီးနေသည့် ပြာသာဒ်များ၊ မင်းတုန်းမင်း အုတ်ဂူနှင့် ဆွေတော်မျိုး တော်များ၏ အုတ်ဂူများ၊ ဒေါင်းဒင်္ဂါး စက်ရုံ၊ ဥပုသ်တော် ဆောင်များနှင့် ထိန်းသိမ်းရန် လိုအပ်သည့် ကျောက်စာချပ် များကို ပြန်လည် ပြင်ဆင် သွားမည်ဖြစ်ပြီး မှန်နန်းဆောင်၌ လက်ရှိ ဆောက်လုပ် ထားသည့် သန့်စင်ခန်းကို ဖျက်သိမ်းကာ နန်းတွင်း အပြင်ဘက် သင့်လျော်သည့် နေရာ၌ အသစ်ပြန်လည် တည်ဆောက် သွားမည်ဖြစ်သည်။

မြနန်းစံကျော် ရွှေနန်းတော်ကို ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်ရာတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး ဇွန်လ ဒုတိယပတ်မှ စ၍ လုပ်ဆောင် နေခြင်းဖြစ်ကာ အောက်တိုဘာလအတွင်း အပြီးဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံးတို့ကို မြန်မာ သက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်း တရားကြီးက စတင် တည်ထောင်ခဲ့ပြီး ၁၂၂၁ ခုနှစ်တွင် ပြောင်းရွှေ့စံမြန်း ခဲ့ကြောင်း သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်၊ သီဟာသန ပလ္လင်၊ မှန်နန်းတော်ကြီး၊ ဗဟိုရ်စင်၊ နန်းမြင့်မျှော်စင်၊ ဇေတဝန်ဆောင် နှင့် စွယ်တော်စင် ဘုရားများသည် နန်းတွင်း သမိုင်းတွင် လေ့လာ မှတ်သားစရာ သမိုင်း အမွေအနှစ် အဖြစ် ကျန်ရှိနေခဲ့ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လေ့လာသည့် နေရာတစ်ခု ဖြစ်လာကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...