Social Icons

Pages

Tuesday, June 2, 2015

ပိုမိုအစွမ်းထက်သော မြွေဆိပ်ဖြေဆေးများ ပြည်တွင်း၌ထုတ်လုပ်ရန် နိုင်ငံတကာ နှင့် WHO တို့မှ အကူအညီရယူထား



ရန်ကုန် ၊ ၂-၆-၂၀၁၅

ပြည်တွင်း၌ ပိုမိုအစွမ်း ထက်သော မြွေဆိပ်ဖြေဆေး များကို ထုတ်လုပ် နိုင်စေရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၊ သြစတြေးလျနှင့် ဘရာဇီးနိုင်ငံ တို့မှ အကူအညီများ ရယူထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ဆေးဝါး လုပ်ငန်း အနေဖြင့် ပြည်တွင်း၌ မြွေဆိပ်ဖြေဆေး များကို ဖော်စပ်ထုတ်လုပ် ရာတွင် ထိရောက်မှု ရှိသော မြွေဆိပ်ဖြေဆေး များကို နိုင်ငံတော် လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင် စေရေးအတွက် မြွေဆိပ် ဖြေဆေး ထုတ်လုပ်သည့် နည်းစနစ်ကို (Good Manufacturing Practice) စနစ်နှင့်အညီ ဆောင်ရွက်လျက် ရှိသည့်အပြင် ခေတ်မီ နည်းပညာရပ် များဖြင့် ပိုမိုအစွမ်း ထက်သော မြွေဆိပ် ဖြေဆေးများ ထုတ်လုပ် နိုင်စေရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ သြစတြေးလျ နှင့် ဘရာဇီးနိုင်ငံ တို့မှ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များ၏ အကူအညီ များကို ရယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မြွေကိုက်ခံ ရခြင်းများ ကြောင့် အသက်ဆုံးရှုံး ခြင်းနှင့် အရေးပေါ် ဆေးကုသမှု ခံယူရခြင်း များကို ကျေးလက်ဒေသ များ၌သာမက လူစည်ကားရာ မြို့ကြီးများရှိ ဆင်ခြေဖုံး ဒေသများ၌ တွေ့မြင် လာရသဖြင့် နိုင်ငံတစ်ဝန်းရှိ အစိုးရပိုင်း ဆိုင်ရာ ဆေးရုံဆေးခန်း များ၌ မြွေဆိပ်ဖြေဆေး များကို ပြည့်စုံ လုံလောက်စွာ ထားရှိနိုင် စေရန် နိုင်ငံတော်မှ စီမံချက် ချမှတ်၍ ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့ဆေးဝါး လုပ်ငန်း အနေဖြင့် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၌ ဖြန့်ဝေရန် မြွေဆိပ်ဖြေဆေး အလုံးပေါင်း ရှစ်သောင်းခန့် ထုတ်လုပ်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ စီမံချက်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန် ထားသော နှစ်အလိုက် မြွေကိုက်မှုနှုန်း နှင့် မြွေကိုက်ခံ ရမှုကြောင့် သေဆုံးမှုနှုန်းများ အပေါ်တွင် အခြေခံကာ စီစဉ်ရေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...