Social Icons

Pages

Tuesday, June 2, 2015

အာရှဒေသတွင်း လုပ်သားအင်အား အများဆုံး နှင့် လုပ်အားခ အသက်သာဆုံးနိုင်ငံ အဖြစ် မြန်မာနိုင်ငံရပ်တည်



ရန်ကုန် ၊ ၂-၆-၂၀၁၅

မြန်မာနိုင်ငံ၌ လုပ်သားအင်အား ကြီးမားပြီး လုပ်အားခ ဈေး အသက်သာဆုံး အာရှနိုင်ငံ အဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း အာရှလုပ်သား ဈေးကွက် ကျွမ်းကျင် ပညာရှင်များ၏ လေ့လာမှုများ အရ သိရသည်။

တရုတ်နိုင်ငံ အခြေစိုက် အာရှလုပ်သား ဈေးကွက် ကျွမ်းကျင်သူ များ၏ လေ့လာမှု အရ အာရှတစ်လွှား လုပ်အားခ ဈေးသက်သာသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ သည် ထိပ်တန်း အဆင့်တွင် ရပ်တည်နေပြီး လုပ်အားခ ဈေးသက်သာသည့် အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် ဈေးသက်သာ သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့သည် အာဆီယံ ဒေသတွင်း နိုင်ငံတို့၌ လုပ်အားခ ဈေးသက်သာ သော်လည်း မြန်မာနိုင်ငံ၏ လုပ်အားခများ နှင့် နှိုင်းယှဉ်ပါက များပြားသည့် အခြေအနေ တွင် ရှိနေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်အားခ ဈေးသက်သာ ခြင်းသည် ပြည်ပ စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်နိုင်စွမ်း မြင့်မားလျက် ရှိသည်ဟု ipezone သတင်းဌာနမှ သိရသည်။

တရုတ်နိုင်ငံ အခြေစိုက် အာရှလုပ်သား ဈေးကွက် ကျွမ်းကျင်သူ များ၏ လေ့လာမှုအရ ရန်ကုန်မြို့ရှိ စက်ရုံလုပ်သား များ၏ ပျမ်းမျှ လစာမှာ တစ်လလျှင် အမေရိကန် ဒေါ်လာ ၅ဝ ပတ်ဝန်းကျင် ခန့်သာ ရှိကြောင်း သိရသည်။ အာဆီယံ ဒေသတွင်း နိုင်ငံများထဲတွင် မြန်မာနိုင်ငံရှိ လုပ်အားခမှာ အသက်သာဆုံး အနေအထားမျိုး ဖြစ်နေ ခြင်းကြောင့် အာရှဒေသရှိ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သော ရင်းနှီးမြှုပ်နှံ သူများသည် မြန်မာ ဈေးကွက်တွင် ရေရှည် ရင်းနှီးမြှုပ်နှံရန် လုံခြုံ စိတ်ချရသော အခြေအနေမျိုး ပိုင်ဆိုင်ပါက ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့် ပြုလုပ်ရန် ရည်ရွယ် ထားကြောင်း သိရသည်။

ယခုနှစ်ကုန် ပိုင်းတွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ကြောင့် အာဆီယံ နိုင်ငံများ ကြားတွင် လုပ်သားများ လွတ်လပ်စွာ အလုပ် လုပ်ကိုင်ခွင့် ရရှိလာမည့် အခြေအနေသည် လုပ်အားခ ဈေးသက်သာသည့် မြန်မာနိုင်ငံ သို့ အာရှနှင့် အာဆီယံ ထိပ်သီးနိုင်ငံ များမှ လုပ်ငန်းများ ပြောင်းရွှေ့ အခြေစိုက် လာဖွယ်ရှိကြောင်း ကျွမ်းကျင်သူ များက သုံးသပ် ပြောကြသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...